ထူးချွန်ကျောင်းသားလေးယောက်

တစ်ညမှာ ကောလိပ်ကျောင်းသားလေးယောက်က ပါတီပွဲတစ်ခုကို အတူသွားပြီးမိုးချုပ်တဲ့အထိ ပျော်ပါးခဲ့ကြတယ်။ နောက်နေ့ စာမေးပွဲရှိနေပေမယ့် သူတို့အားလုံးစာမကျက်ကြဘူး။ စာမေးပွဲဖြေမယ့် မနက်ခင်းမှာ တော့ သူတို့ဟာ စိတ်ကူးတစ်ခုရသွားတယ်။ ကားရဲ့ဆီတွေနဲ့ တကိုယ်လုံးကို ညစ်ပတ်အောင် သူ့တို့ကိုယ်တိုင်ပဲ သုတ်လိမ်းလိုက်ကြ တယ်။ ပြီးတာနဲ့ တက္ကသိုလ်ဌာနမှူးကို သွားတွေ့ပြီး မနေ့ညက မင်္ဂလာဆောင်တစ်ခုကို သွားပြီး အပြန်မှာ ကားတာရာပေါက်သွားလို့ အိမ်ပြန်လမ်းတလျှောက်လုံး ကားတွန်းပြီး ပြန်လာခဲ့ရတယ်။ ဒါကြောင့် သူတို့ အားလုံးဟာ စာမေးပွဲဖြေနိုင်မယ့် အခြေအနေမရှိဘူးလို့ ဆရာ့ကို ပြောလိုက်ကြ တယ်။
ဌာနမှူးဟာ သူတို့ ပြောသမျှကို နားထောင်ပြီး ၁မိနစ်လောက်တွေးလိုက်တယ်။ သူတို့ အားလုံးကို နောက်သုံးရက်ကြာရင် စာမေးပွဲပြန်ဖြေရမယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့လည်း အဲ့ဒီအချိန် ကျရင်တော့ အားလုံး အဆင်သင့်ဖြစ်ကြောင်းနဲ့ကျေးဇူးတင်ကြောင်းကို ပြန်ပြောလိုက်တယ်။
နောက်သုံးရက်ကြာတဲ့ နေ့မှာ စာမေးပွဲဖြေဖို့ သူတို့အားလုံး ဌာနမှူးရှေ့ကိုရောက်လာကြတယ်။ ဌာနမှူးက ဒီတခေါက်စာမေးပွဲဟာ အထူးစာမေးပွဲတစ်ခုဖြစ်ကြောင်း သူတို့အားလုံးကိုလည်း စာသင်ခန်းထဲမှာ တစ်ယောက် ၊ တစ်နေရာစီ သီးခြားခွဲထိုင်ဖို့လိုကြောင်းပြောတယ်။ လွန်ခဲ့သော သုံးရက်ကတည်းက ဒီစာမေးပွဲအတွက် သေချာပြင်ဆင်ထား တဲ့ သူတို့ကလည်း သဘောတူလိုက်ပါတယ်။ စာမေးပွဲမေးခွန်းမှာ အမှတ် (၁၀၀) ဖိုးအတွက်မေးခွန်းနှစ်ခုသာပါဝင်တာကို သူတို့ တွေ့လိုက်ကြတယ်။ မေးခွန်းတစ်ခုကို ၁မှတ်ပေးထားပြီး၊ နောက်မေးခွန်းတစ်ခုကို ၉၉ မှတ်ပေးထားတယ်။

၁။ ကျောင်းသားနာမည်. ( ၁ မှတ် )
၂။ ဘယ်တာရာဘီးက ကွဲတာလဲ ( ၉၉ မှတ်)
မေးခွန်း၂အတွက်ရွေးချယ်ရန် -
၁။ အရှေ့ဘီးဘယ်ဖက်၂။ အရှေ့ဘီးညာဖက်
၃။ အနောက်ဘီးဘယ်ဖက် ၄။ အနောက်ဘီးညာဖက်
ပုံပြင်မှသင်ခန်းစာ - သင့်လုပ်ရပ်တွေအတွက် တာဝန်ယူမူရှိပါစေ၊ တခြားတစ်ဖက်မှလည်း သင်ခန်းစာယူပါ။