လူတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်စီ ရှိတယ်

အသက်(၂၄) နှစ်အရွယ် ကောင်လေးတစ်ယောက်က ရထားပြတင်းပေါက် ကနေ အပြင်ကိုလှမ်းကြည့်ပြီး သူ့အဖေကို အော်ပြောလိုက်တယ်။
'အဖေ ၊ ကြည့်ပါဦး သစ်ပင်တွေက အနောက်ကိုသွားနေတယ်နော်"
အဖေကပြုံးတယ်။ အနားမှာထိုင်နေတဲ့ လူငယ်စုံတွဲက အသက် ၂၄ နှစ်အရွယ် အဲ့ဒီကောင်လေးရဲ့ ကလေးဆန်လွန်းတဲ့ အပြုအမူတွေကို ကြည့်ပြီး စိတ်ပျက်နေတယ်။ ရုတ်တရက်ဆိုသလိုသူက ထပ်ပြီးအလန့်တကြားပြောပြန်တယ်။
"တိမ်တွေကိုကြည့်ပါဦးအဖေ၊ ကျွန်တော်တို့ နောက်ကိုအပြေးလိုက်လာကြပါလား။"
စုံတွဲဟာ ဆက်သည်းမခံနိုင်တော့ပဲ အဖေဖြစ်သူကို မေးလိုက်တယ်။
"ဦးရဲ့သားကို ဆရာဝန်လေးဘာလေးပြဖို့များစိတ်မကူးဘူးလား။"
အဖေက ပြုံးပြီး ပြောလိုက်တယ်။
"ပြတာပေါ့။ ခုပဲ ဆေးရုံကဆင်းလာကြတာ။ ကျွန်တော့်သားလေးက မွေးရာပါမျက်မမြင်လေးလေ၊ ဒီနေ့မှ သူ့မျက်စိ မြင်ခွင့်ရတာပါ။"

ပုံပြင်မှသင်ခန်းစာ- လောကကြီးထဲကလူတိုင်းလူတိုင်း ရဲ့ဘ၀တွေမှာ ကိုယ်ပိုင်ဇာတ်လမ်းကိုယ်စီရှိပါတယ်။ သူတို့ အကြောင်းကို ကောင်းကောင်း မသိပဲ အကောင်းအဆိုး အဆုံးဖြတ်မစောပါစေနဲ့ ၊ ဒီလိုမဟုတ်ရင် 
အမှန်တရားကသင့်ကိုအံ့သြတုန်လှုပ်စေပါလိမ့်မယ်။
( credit- unknown writer, translate by cho wutyi Lwin)