ကလေးကို ဘယ်လို ကယ်ကြမလဲ

အောက်ပါပုံမှာ ဒုက္ခတွင်းထဲကျနေတဲ့ ကလေးတစ်ယောက် ရှိပါတယ်။ သူ့ကို ဘယ်လို ကယ်ကြမလဲ။ သူက သစ်ပင်မှာ တွဲလောင်းခိုနေပြီး အန္တရာယ်အသွယ်သွယ်ကြား ပိတ်မိနေပါတယ်။ သူ့ရဲ့ညာဘက်မှာ မြွေ တစ်ကောင် က သစ်ပင်ကြားက ထိုးဆင်းနေပြီး သူ အဲဒီဘက်ကို ပြေးထွက်တာနဲ့ ကိုက်ဖို့ အဆင်သင့် ဖြစ် နေ ပါတယ်။ သစ်ပင်ရဲ့မလှမ်းမကမ်းမှာတော့ ဟိန်းဟောက်နေတဲ့ ခြင်္သေ့တစ်ကောင်က သူဆင်းလာရင် စားဖို့ ဟန်ပြင်နေပါတယ်။ ရေထဲမှာက မိကျောင်းနှစ်ကောင်က သွားတွေဖြဲလို့ သူရေထဲမရောက်ခင် တစ်စစီ ကိုက် ဆွဲဖို့ အသင့်ဖြစ်နေလေရဲ့။ ဒါပေမဲ့ သစ်ပင်ခြေရင်းမှာက ထောင်ထားတဲ့ သေနတ်တစ်လက် ရှိနေပါတယ်။ ဒီကောင်လေးကို ဘယ်လို ကယ်ကြမလဲ။ အဖြေကတော့ အမျိုးမျိုး ရှိနိုင်မှာပေါ့လေ။ ကဲ..အဖြေတွေကို ကြည့်ရ အောင်…။ အဖြေ (၁)။ ။ မြွေကိုဖျတ်ခနဲဆွဲယူပြီး ခြင်္သေ့ဆီ ပစ်လိုက်ပါ။ အနည်းဆုံး ခြင်္သေ့က လန့်ပြီး ထွက်ပြေးသွား နိုင်တာပေါ့။ ဒီအချိန်မှာ သေနတ်ကို ဆွဲယူပစ်လိုက်ပြီး ခြင်္သေ့သားကို မိကျောင်းတွေကို ကျွေးလိုက်ပါ။ မိကျောင်းတွေက ခြင်္သေ့ကို စားနေချိန် ကြိုက်ရာလမ်းက ထွက်လို့ ရပါပြီ။ အဖြေ (၂)။ ။ တကယ်က ဒီလောက် ဆိုးဝါးတဲ့အဖြစ်က တကယ့်အဖြစ်မှန် မဟုတ်ပဲ ကောင်လေး အိပ်မက် မက်နေတာပါ။ သူ့ကို နှိုးလိုက်လေ။ အိပ်မက်ဆိုးက နိုးသွားမှာပေါ့။ ဥပဒေသ ။ ။ အလွန်ဆိုးဝါးတဲ့ အကြပ်အတည်းများအကြား ထွက်ပေါက်ရှာတဲ့အခါ ရှုတ်ထွေးတဲ့ အကြံဥာဏ်တွေထက် ပိုသေးဖွဲလွယ်ကူတဲ့ အဖြေမှန်က တစ်နေရာမှာ ရှိနေတတ်တာကို သင်ခန်းစာ အဖြစ် မှတ်ယူထားသင့်ပါတယ်။