ကုလားအုတ်သားငယ်နှင့် မေမေ

ကုလားအုတ်ငယ်လေးနဲ့ သူ့မေမေက အတူလဲလျောင်းနေတုန်း ရုတ်တရက် သားငယ်က မေးခွန်းထုတ်လိုက်တယ်။ “ မေမေ ၊ ကျွန်တော်သိချင်တာတချို့မေးလို့ရမလား။” အဲ့ဒါတော့ မေမေက “ရတာပေါ့ သားရယ်၊ ဘာများသိချင်လို့လဲ။” “ကျွန်တော်တို့မှာ ဘာဖြစ်လို့ ကျောပေါ်မှာ ဘုတွေရှိတာလဲ။ “ သြော်..ဒါလား။ မေမေတို့က သဲကန္တာရမှာနေတဲ့ သတ္တ၀ါတွေလေ။ မေမေတို့က အဲ့ဒီထဲမှာ ရေတွေသိုလှောင်ထားရတာ။ ရေမရှိပဲ မေမေတို့မှ အသက်မရှင်နိုင်တာ။” ကုလားအုတ်ကလေးက “သြော်..ဟုတ်ကဲ့မေမေ၊ ဒါဆို ကျွန်တော်တို့ ခြေတံတွေက ဘာလို့ရှည်ပြီးတော့ ခြေထောက်တွေက ၀ိုင်းရတာလဲ။” ဒီတော့ မေမေက “သားရယ်။ ဒါတွေက သဲကန္တာရမှာလမ်းလျှောက်လို့ အဆင်ပြေအောင်ပေါ့။ မေမေတို့က ဒီခြေထောက်တွေနဲ့တခြား အကောင်တွေထက်ပိုပြီးတော့ သဲကန္တရထဲမှာ လျှောက်နိုင်တာ သားအသိပဲမဟုတ်လား။” “ ဟုတ်ကဲ့မေမေ ဒါဆိုရင် ကျွန်တော်တို့မျက်တောင်တွေက ဘာလို့ရှည်ရတာလဲ။ တခါတလေ ကျွန်တော်ကြည့်ရတာမရှင်းမရှင်းဖြစ်လိုက်တာ။” အမေက ဂုဏ်ယူစွာနဲ့ “သားရယ် အဲ့ဒီမျက်တောင် ထူထူရှည်ရှည်တွေက မင်းရဲ့အကာအကွယ်တွေပေါ့။ မင်းမျက်လုံးကို ဖုန်တွေသဲတွေ၊ လေတွေ က နေကာကွယ်ထားတာပေါ့။” “ကျွန်တော်သိပါပြီမေမေ၊ ဒါဆိုကျွန်တော်တို့ရဲ့ ဘုတွေ၊ ခြေထောက်တွေ၊ မျက်လုံးတွေက သဲကန္တရထဲမှာ အဆင်ပြေဖို့ပဲပေါ့နော်။” ကုလားအုတ်လေးက ခဏတွေဝေသွာြး့ပီး၊ “ဒါဆို ကျွန်တော်တို့တွေ ဒီတိရစ္တာန်ရုံထဲမှာ ဘာလုပ်နေကြတာလဲမေမေ”
ဥပဒေသ- ကျွမ်းကျင်မူ ၊ အသိပညာ၊ အရည်အချင်းနှင့် အတွေ့အကြုံတို့သည် သူလူမှန်၊ နေရာမှန် ရှိနေသော အခါ၌သာ အသုံးဝင်ပါသည်။