ထိရောက်သော သင်ကြားလေ့လာမူနည်းလမ်း အသစ်လေးခု

၁။ လိုချင်ဆန္ဒပြင်ပြစေတဲ့ နည်းလမ်း
 များသောအားဖြင့် စာသင်ခန်းထဲမှာ ဆရာတွေက ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မူကို ဖမ်းဆုတ်နိုင်အောင်ပြုလုပ်ဖို့ ခဲယဉ်းကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့သင်ကြားမယ့် ခေါင်းစဉ် နဲ့ အကြောင်းအရာကိုသာ ကျောင်းသားတွေထက်ပိုပြီးတော့ အလေးထားနေမိလို့ပါ။ ဒါဟာ ပထမဆုံး အမှားတစ်ခုကို သူတို့ ပြုလုပ်လိုက်မိတာဖြစ်ပြီး ကျောင်းသားတွေက စာသင်ရာမှာ ဘယ်လိုအကျိုးကျေးဇူးရရှိမလဲဆိုတာထက် ၊ သူတို့ကို လမ်းညွှန်ပြသပေးမယ့် ဆရာတွေဆီကနေ သင်ကြားပြသမူအောက်မှာ ကျေနပ်ရောင့်ရဲမူတစ်ခုကို ရရှိဖို့ လိုလားတယ်ဆိုတာ ဆရာဖြစ်သူက သိထားဖို့ လိုပါတယ်။ သင်ဟာ အကြောင်းအရာ တစ်ခုကိုသင်တော့မယ်ဆိုမယ်ရင် ခေါင်းစဉ်ကိုကြည့်ပြီး ကျောင်းသားတွေကို တစ်ချက်အကဲခတ်လိုက်ပါ။ A Headline is a Promise . ခေါင်းစဉ်တစ်ခုကိုကတိ တစ်ခုအဖြစ်သဘောထားရပါမယ်။ အဲ့ဒီကတိက ကျောင်းသားတွေကို ဘာတွေကျေနပ်ရောင့်ရဲမူကို ပေးနိုင်မလဲဆိုတဲ့ ကတိပါပဲ၊ ဥပမာ အားဖြင့် အမေရိကန် တော်လှန်ရေးအကြောင်း သင်ကြားမယ်ဆိုပါတော့ ဒါဆိုသင်က တကယ့်ထက်မြက်ထူးချွန်တဲ့ ထိပ်တန်းအမေရိကန်ခေါင်းစဉ်တွေအကြောင်း ပြောပြဖို့ လိုပါမယ်။ ပြီးတော့ ပြောင်းလဲမူတွေဖြစ်လာအောင် သူတို့ ဘာတွေကြိုးစားရုန်းကန်ခဲ့သလဲ၊ နောက်ပြီး ကုမ္ပဏီ၊ နိုင်ငံ၊ application ကအစ အသစ်တစ်ခုဖန်တီးဖို့ ဘယ်လိုနည်းလမ်းနဲ့ မူဝါဒတွေ ကျင့်သုံးလဲဆိုတာ ပြောပြဖို့ လိုပါတယ်။

၂။ ဒဏ်ရာရဲ့နာကျင်မူကို အကြိုခံစားစေပါ။
ဒုတိယ အထိရောက်ဆုံးသင်ကြားမူနည်းလမ်းကတော့ အောင်မြင်မူတွေ၊ အကျိုးကျေးဇူးတွေကိုဆုံးရှုံးရရင် မလွဲမသွေကြုံရမယ့် ဒဏ်ရာနဲ့ နာကျင်မူပါ။ ဒဏ်ရာဆိုတာ လိုအပ်ခြင်းကို ဆုံးရှုံးရတဲ့ ဆိုးဝါးတဲ့ ရလာဒ်တစ်ခုအဖြစ် အလေးပေးဖော်ပြတဲ့ စကားလုံးပါ။ဒါကြောင့်ဒဏ်ရာတွေအကြောင်း စိတ်ကူးနဲ့ပဲဖြစ်ဖြစ် ကျောင်းသားများကို မိတ်ဆက်ပေးထားဖို့ လိုပါတယ်။ ဆုံးရှုံးမူရဲ့ အကျိုးဆက်ကို လည်း သိနားလည်အောင် ပြောပြဖို့ လိုပါတယ်။

 ၃။ သင်ရဲ့ သင်ရိုးညွှန်းတန်းက ဘယ်လိုမကောင်းတာတွေရှိနေမလဲဆိုတာ ကြိုပြီးလေ့လာသင့်တဲ့ နည်းလမ်း
 ဒါကတော့ ရိုးရှင်းပါတယ်။ ပုံမှန်အားဖြင့် ဆရာမတွေက ဒီနှစ်သင်ရိုးကတော့ ဘယ်လိုကောင်းတာမို့ မင်းတို့ တော့ စာကိုဘယ်လိုလေ့လာချင်စိတ်ရှိလာမယ်ဆိုတာမျိုးနဲ့ အစပြုပြီး ပြောလေ့ရှိတယ်။ ဒါဟာ သင့်ရင်ထဲက လာတဲ့ စကားမဟုတ်မှန်း ကျောင်းသားတွေက ကြားရပါများလို့ရိုးလာပါပြီ။ တကယ်တမ်း သင်ရိုးညွှန်းတမ်းရဲ့ ဆိုးချက်နဲ့ မကောင်းတဲ့ အချက်တွေကို ကျောင်းသားတွေကို အမြည်းသဘော အနေနဲ့ နည်းနည်းလောက် ပြောပြပေးဖို့ လိုအပ်ပါတယ်။   Hollywood လိုကျင့်သုံးပါ၊ Hollywood ဟာ သူ့ဇာတ်ကားတွေ ပရိသတ်ဆီ မထုတ်လွှင့်ခင် အမြည်းသဘောအနေနဲ့ You tube တို့ TV တို့မှာ preview အနေနဲ့ အကြိုပြသလေ့ရှိပြီး ပရိသတ်ရဲ့ အသံကိုလည်းနားထောင်လေ့ရှိပါတယ်။ ဇာတ်ကောင်းကောင်းတွေကို ပရိသတ်က ကြည့်ချင်းလွန်းလို့ စောင့်မျှော်နေရတာကို သင်မမေ့သင့်ပါဘူး။ သင့် သင်ရိုးညွှန်းတန်းက စိတ်ဝင်စားစရာကောင်းတဲ့ chapter ဆီရောက်အောင် ကျောင်းသားက စောင့်မျှော်နေနိုင်တယ် ဆိုတာ သင် သိထားဖို့လိုပါတယ်။

၎။ လျို့ဝှက်ချက်နောက်တစ်ခုကတော့ VAK နဲ့သင်ကြားပါ။ သင် စာသင်တဲ့ အခါ ရိုးရှင်းတဲ့ လျှို့ ၀ှက်နည်းတစ်ခုက VAK နဲ့ သင်ကြားဖို့ပါပဲ။ V- Visual အရာဝတ္ထုများကို အမြင်အာရုံဖြင့် ရူမြင်ခံစားစေပါ။ A- Audio အော်ဒီယိုဖိုင်များနဲ့ အရာဝတ္ထုများအကြောင်း နားထောင်ရင်းနဲ့လည်းသင်ကြားလို့ ရပါတယ်။နောက် ဘယ်ကိစ္စမဆို အကြောင်းရင်းမရွေးပဲ လှုပ်ရှားမူဆိုင်ရာ စက်မူပညာရပ်ခွဲ Kinesthetic အဖြစ်နဲ့ လည်း လေ့လာလို့ ရပါတယ်။ ကျောင်းသားတွေစိတ်ထဲ လေ့ကျင့်ခန်း တစ်ခုပြီးတိုင်းပိုမိုကောင်းမွန်တဲ့ လေ့ကျင့်ခန်းများကို တောင့်တမျှော်လင့်ဖို့ ကြိုးစားနိုင်ရမှာ ဆရာဖြစ်သူတွေရဲ့ သင်ကြားနိုင်သစွမ်းအရည်အချင်းကောင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။