တပည့်​​ကျော်​ အိုင်းစတိုင်း

တပည့်ကျော်အိုင်းစတိုင်း ရက်လိဗ်တစ်ဖ်ဗတီ ဟုကြားလိုက်သည်နှင့်ပင်ကျွန်တော်တို့ အားလုံး၏အတွေးစိတ်ထဲ၌ကားသိပ္ပံပညာရှင်ကြီးတစ်ဦး၏ ပုံရိပ်ကိုချက်ချင်းပင်မြင်ယောင်ကြပေမည်။ ဟုတ်ပါသည်… ဆံပင်ဖြူဖြူဖွားဖွား နှုတ်ခမ်းမွှေးကြီးနှင့်ဆရာကြီး“အဲလ်ဗက် အိုင်းစတိုင်း”ကိုရက်လိဗ်တစ်ဖ်ဗတီနှင့်တွဲမြင်ကြသည်မှာအသေအချာပင်..။ဆရာကြီး၏ ကြိုးစားအားထုတ်မှုနှင့်အလုပ်အပေါ်ချစ်မြတ်နိုးစွဲလမ်းမှုတို့ကသည်ပင် သူ့ အားကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်လာစေခြင်းပင်……။ ဆရာကြီးသည် သီအိုရီအားဖော်ထုတ်တွေ့ ရှိပြီးနောက် အခြားသူများလက်ခံသဘောပေါက်နားလည်လာစေရန်နယ်တကာလှည့်၍ဟောပြောဆွေးနွေးပွဲမျာြး ပုလုပ်ပေးရန် ဖိတ်ကြားခြင်းခံခဲ့ရပေသည်။ဆရာကြီးသည် သူနှင့်အတူနောက်လိုက်တပည့်ကြီးတစ်ဦးကိုဟောပြောပွဲများသွားသည့်အခါတိုင်းခေါ်ဆောင်သွားတတ်လေ၏။ထိုသူသည်ဆရာကြီး၏ယာဉ်မောင်းတစ်ယောက်လည်းဖြစ်ပေသည်။သူသည် သိပ္ပံပညာနှင့်ပတ်သတ်လျှင်လားလားမျှ မသိ။ ဟောပြောဆွေးနွေးပွဲတိုင်း ခန်းမ၏ နောက်ဆုံးတန်းတွင်ထိုင်ကာနားထောင်ရလေသည်။ ဤသို့ နှင့်ဟောပြောပွဲများကိုအတန်အသင့်လိုက်ပါနားထောင်ခဲ့လေသည်။တစ်နေ့ သော် ယာဉ်မောင်းကြီးကဆရာကြီးအား သီအိုရီမှာလွယ်ကူရိုးရှင်းကြောင်းပြောလေသည်။ ထိုအခါဆရာကြီးမှာသူ၏သီအိုရီသည်သိပ္ပံပညာရပ်အားနားမလည်သောလူဝတ်ကြောင်(၀ါ)လူပြိန်းတစ်ယောက်သည်ပင်နားလည်သဘောပေါက်လွယ်သည်ဟုယူဆပြီး ၀မ်းသာခြင်းဖြစ်လေ၏။>နောက်တစ်နေ့တွင် ဆရာကြီးကနောက်လိုက်ကြီးအားဟောပြောပွဲများတွင်သီအိုရီနှင့်ပတ်သတ်၍ရှင်းလင်းပြောကြားပေးနိုင်မလားဟုမေးလေသည်။ထိုခေတ်အခါ၌ကား သတင်းမီဒီယာမဖွံ့ဖြိုးသေးချိန်ဖြစ်လေရာ…ဆွေးနွေးပွဲပြုလုပ်ရာဒေသမှလူများသည်ကား ဆရာကြီး၏ပုံပန်းသဏ္ဍာန်မည်သို့မည်ပုံရှိသည်ကို မသိကြသေးပေ….။ဤအချိန်မှစ၍ ဆရာကြီးကားနောက်လိုက်လုပ်ကာတပည့်ယာဉ်မောင်းကြီးသည်ပညာရှင်ကြီးအသွင် ဟောပြောဆွေးနွေးမှုများပြုလုပ်လေသည်။ လူတိုင်းမှလည်းသူ့ အား ဆရာကြီးအိုင်းစတိုင်းအစစ်ဟုပင်ထင်ကြလေသည်။သူသည်လည်း သီအိုရီနှင့်ပတ်သတ်လျှင်ကောင်းမွန်စွာပြောကြားနိုင်၏။သူ့ အားမေးသော မေးခွန်းတိုင်းမှာလည်းဆရာကြီးအရင်ဟောပြောခဲ့စဉ်ကဖြေခဲ့ရသောမေးခွန်းများသာဖြစ်လေရာအဆင်ပြေစွာဟောပြောဆွေးနွေးနိုင်ခဲ့လေသည်။တစ်ခါသော်ဟောပြောပွဲတစ်ခု၌ လူတစ်ယောက်မှသူ့ အား တစ်ကြိမ်တစ်ခါမျှမမေးခဲ့ဖူးသော သိပ္ပံပညာရပ်နှင့်ပတ်သတ်လျှင်လွန်စွာမှအခြေခံကျသောမေးခွန်းတစ်ခုကိုမေးလေ၏။ ယာဉ်မောင်းကြီးဦးနှောက်ခြောက်ပေပြီ။မည်သို့ မည်ပုံဖြေရမည်သူမသိတော့။ သူသည်စိတ်ကိုတည်ငြိမ်အောင်ထားလျက်အတန်ငယ်စဉ်းစားလိုက်၏။ပြီးနောက် သူ့ မျက်နှာတွင်အပြုံးရိပ်များသန်းလာသည်။ သူသည် ရုတ်တရက်အခက်အခဲကြားလျင်မြန်စွာတွေခေါ်နိုင်တတ်ခြင်းကြောင့်အဖိုးတန်အဖြေတစ်ခု ရသွားပေပြီ။ယာဉ်မောင်းကြီး မည်သို့မည်ပုံအဖြေပြန်ပေးလိုက်သည်ကိုအဘယ်သူ ခန့် မှန်းနိုင်ပါမည်လော……။ယာဉ်မောင်းကြီးမှမေးခွန်းမေးသူအားပြန်ပြောလိုက်သည်မှာ“ဤသို့ မခံ့လေးစားနိုင်သောရူးကြောင်ကြောင်နိုင်လွန်းသောမေးခွန်းကိုကျွန်ုပ်မဆိုထားနှင့်၊ကျွန်ုပ်၏နောက်လိုက်ယာဉ်မောင်းကြီးပင်လျှင်ဖြေဆိုနိုင်ပေသည်။ထိုသူသည် ခန်းမ၏နောက်ဆုံးတန်းတွင်ထိုင်နေပေသည်။ထိုသူနှင့်ဆိုလျှင်ပင်ပြောဆိုဆွေးနွေးနိုင်ပေသည်။” ဟုပြောကာ ဆရာကြီးအိုင်းစတိုင်းထံလက်ညှိုးညွှန်ပြလျက် ဟောပြောပွဲအားအဆုံးသတ်လိုက်လေတော့သည်။