Algorithms စည်းမျဉ်းတွေ ပေါ် အခြေခံ လာသောအခါ ဈေးကွက်ရှာဖွေသူတွေအတွက် အလုပ်အကိုင်ဆိုတာ ရှိနိုင်ပါဦးမလား

Algorithmsစည်းမျဉ်းတွေပေါ် အခြေခံ လာသောအခါဈေးကွက်ရှာဖွေသူတွေအတွက်အလုပ်အကိုင်ဆိုတာ ရှိနိုင်ပါဦးမလား???TinderမှအစFacebookအထိတိုင်အောင်တိုးတက်ပြောင်းလဲလာသော နည်းပညာတွေရဲ့နောက်ကွယ်မှာAlgorithmတွေဟာသူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ကျွန်တော်တို့ လူသားတွေရဲ့ဘဝတွေကို မောင်းနှင်နေကြပါသည်။နည်းပညာတိုးတက်မှုပေါ်မှီခိုလေလေAlgorithm တွေရဲ့လွှမ်းမိုးမှုကို ခံရလေလေပါပဲ။စားသုံးသူတွေဟာကြေညာတွေအပေါ်မှာ ကြည့်ပြီးဆုံးဖြတ်ရွေးချယ်တာမျိုးထက်Algorithmဆိုင်ရာအချက်အလက်တွေပေါ်မှာပဲမူတည်ရွေးချယ်လာပါတော့သည်။ယခုကဲ့သို့ Algorithmဟာစားသုံးသူများ၏ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုပိုင်းဆိုင်ရာရွေးချယ်ခြင်းတွမှာ လွှမ်းမိုး ထိန်းချုပ်လာတာဟာဈေးကွက်ရှာဖွေသူတွေအတွက်တော့ထည့်သွင်းစဉ်းစားရတော့မယ့်အချက်တစ်ချက်ဖြစ်လာပါတော့သည်။"Algorithms ပေါ်မှာယုံကြည်မှုတိုးလာခြင်းဟာဈေးကွက်ရှာဖွေသူတွေနဲ့များစွာသက်ဆိုင်ပါတယ် "လို့We are Social မှ MD Suzie Shaw ကပြောခဲ့ပါသည်။ဆက်လက်ပြီး Shawက"ကျွန်တော်တို့နေ့စဉ်ဘဝတွေနဲ့အရာတော်တော်များများဟာနည်းပညာနဲ့ ဆက်နွှယ်မှုရှိနေပြီး နည်းပညာနှင့် Algorithmရဲ့ဆက်စပ်မှုကလည်း မူလကတည်းကတည်ရှိနေတာမို့ အရာအားလုံးက ချိတ်ဆက်နေပြီးသားဖြစ်ပါတယ်။Algorithmရဲ့အားထုတ်မှုတွေဟာစားသုံးသူထက် ဆုံးဖြတ်သူဖြစ်လာလိမ့်မယ်"လို့ShawကSydneyမှာကျင်းပခဲ့သောVivid Idea Event ဟောပြောပွဲမှာပြောခဲ့ပါသည်။ We are Social ရဲ့Global Consultant Simon Kemp ကလည်း AmazonမှAlexa နဲ့VoiceCommand ကိရိယာတွေရဲ့မြင့်တက်လာမှုကို ဥပမာပေးပြီး"အကယ်၍စားသုံးသူတစ်ယောက်က Alexaကိုအဝတ်လျှော်ဆပ်ပြာမှာဖို့မေးလာခဲ့ရင်ဒါဟာ Brandကိုပဲရွေးဖို့တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။တကယ်လို့ လိုအပ်ချက်ဆိုတာကိုလွှမ်းမိုးပြီးတွန်းအားပေးတဲ့ဆုံးဖြတ်ချက်မျိုး ချရမယ်ဆိုရင်လည်း Marketingအနေနဲ့ကတော့ပြောင်းမှာမဟုတ်ပါဘူး..ဒါပေမယ့်အဲ့ဒီအစား သင်ဟာ တစ်စုံတစ်ဦးနှင့် သူတို့ရဲ့ algorithmရဲ့လွှမ်းမိုးခြင်းကိုတော့ခံရပါလိမ့်မယ်"လို့Kempကပြောခဲ့ပါသည်။Voice control ကိရိယာတွေကိုရွေးချယ်တဲ့အခါမှာလည်းအချက်လေးချက်ပေါ် အခြေခံရပါလိမ့်မည်။ ဦးစွာ ကိရိယာရဲ့ မေးမြန်းမှုများ၊ထပ်ခါတလဲလဲ ရွေးချယ်မှုများ၊SocialEngine တွေနှင့်မဆုံးနေိုင်တာတွေ၊ ပြီးတော့မိမိဖာသာ ရွေးချယ်ရမှုတွေစသဖြင့် လုပ်ဆောင်ရပါလိမ့်မည်။"ဘယ်အချက်တွေပေါ်မှာမူတည်ပြီးကျွန်ုပ်တို့ဟာ Algorithmsကိုကျွန်ုပ်တို့ရွေးချယ်မှုအတွက်လုပ်ဆောင်စေမယ်ဆိုတာ မသိပါဘူး။စားသုံးသူတွေကလည်း သူတို့စိတ်ကြိုက် Beerကိုရွေးချယ်သကဲ့သို့အခြားရွေးချယ်မှုတွေကိုလည်း ကိုယ်တိုင်လုပ်ဆောင်လိုချင်နေတုန်းပါပဲ"လို့Kempကပြောခဲ့ပါသည်။"Algorithm တွေကိုသာ အခြေခံပြီး သူ့ဖာသာဆုံးဖြတ်တဲ့အခါမျိုးကျရင်လုံးဝတိကျပါလိမ့်မယ် ..ဘာလို့လဲဆိုတော့ဒီစက်ပစ္စည်းတွေက တိကျသေချာတဲ့အချက်အလက်တွေကို ပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ စက်တွေဖြင့်သင်ယူမှတ်သားထားစေခြင်းဟာသမိုင်းတစ်လျှောက်မှာတော့အခွင့်အရေး အကြီးမားဆုံးသောတီထွင်မှုပဲဖြစ်ပြီး နည်းပညာကလည်းလူတွေ ထင်နေသလောက်ဆိုးရွားမှာမဟုတ်ပါဘူး။BrandတွေကApple,Amazon, Google, Facebook စသည်တို့ကိုချဉ်းကပ်ဖို့လိုသလိုမိတ်ဖက်အဖြစ်ရင်းနှီးကျွမ်းဝင်ထားဖို့လည်းလိုပါလိမ့်မယ်"လို့လည်းKempက ကပြောခဲ့ပါသေးသည်။ Shawကလည်း"algorithms တွေကလူ့စိတ် လူ့အကြိုက်တွေကိုပိုမိုခန့်မှန်းနိုင်မှာဖြစ်လို့Marketerတွေအတွက်စိန်ခေါ်မှုဖြစ်ရုံမက နောက်ဆိုရင်ဈေးကွက်ကိုပါ လွှမ်းမိုးချုပ်ကိုင်လာမယ်လို့ ယုံကြည်နေပါတယ်။ Marketerတွေဟာတိကျတဲ့အချက်အလက်တွေ မရှိတဲ့အခါပြောဆိုနိုင်ဖို့ခက်ခဲလာနိုင်မှာဖြစ်ပြီးalgorithmsကတော့စားသုံးသူတွေအတွက် ပိုမိုတိကျစွာခန့်မှန်းပေးနိုင်ပါလိမ့်မယ်။စားသုံးသူတွေမှာ သူတို့ရဲ့ယုတ္တိမရှိတဲ့ အမူအကျင့်စရိုက်တွေရှိပေမယ့်လည်း သူတို့ရဲ့အကြိုက်တွေကို နှစ်ရှည်လများကျွန်တော်တို့ ခန့်မှန်းနိုင်ခဲ့ကြတာပဲလေ " လို့ ပြောကြားခဲ့ပါသည်။