STIMU FC

Speakers

Time

Address

description

ယနေ့ September 4th 2017 တွင် ကျင်းပပြုလုပ်မည့် Semi Final တွင် STIMU FC သည် အနိုင်ဗိုလ်စွဲကာ ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းဆုပြုအပ်ပါသည်။2016 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော FC သည် PUL 2016 တွင် တတိယနေရာသို့ ရယူနိုင်ခဲ့ပြီ ယခုနှစ်တွင် ဒီထက်ပိုမိုသာလွန်သော ဆုတံဆိပ်များဆွတ်ခူးပေးနိုင်ရန် ကြိုးစားယှဉ်ပြိုင်လျက်ရှိပါသည်။STI Myanmar University ၏ ကျောင်းလက်ရွေးစင်အသင်းဖြစ်သော STIMU FC သည် PUL 2017 တွင် အုပ်စုပွဲစဉ်၌ Gusto International Collage အသင်းအား 5 - 1, Chindwin College အသင်းအား 2 - 2 , Info Myanmar College အသင်းအား 8 - 0 ဖြင့် အသီးသီး ယှဉ်ပြိုင်ကစားပြီးနောက် Chindwin College အသင်း ဂိုးအသာဖြင့် အုပ်စု A ပထမ ( အုပ်စုဗိုလ် ) အဖြစ် Semi Final သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

STI Myanmar University သည်လည်း မိမိတို့ကျောင်းလက်ရွေးစင်အသင်း၏ ကစားစွမ်းရည် .. အသင်းသားများ၏ စိတ်ဓါတ်ခိုင်မာမှုနှင့်အတူ ကြိုးပမ်းစွမ်းဆောင်ရည်များအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။STI Myanmar University အနေဖြင့် ကျောင်းသားကျောင်းသူများအား ဘက်စုံတိုးတက်စေရန် အားကစားဝါသနာရှင်များကိုလည်း ဒီထက်ပိုမို ပံ့ပိုးပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။STI Myanmar University မိသားစု