Creative and critical thinking

Speakers

ဒေါက်တာ အောင်ထွန်းသက်

Time

၁.၁၀.၂၀၁၇ (တနင်္ဂနွေနေ့) နေ့လည် ၁နာရီမှ ၃နာရီအထိ

Address

အဆောင် ( ၁၀ ), MICT Park, လှိုင်တက္ကသိုလ်၊ ရန်ကုန်

description

 မြန်မာ့လူ့ဘောင်၏ အပြောင်းအလဲကို ဦးဆောင်ကြမည့် လူငယ်များ၏ စိတ်ကူးအကြံဥာဏ်နှင့် ဖန်တီးနိုင်စွမ်းအား ( Creative ) နှင့် ဆင်ခြင်စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်မူ ( Critical Thinking) တို့ ဖွံ့ဖြိုးစည်ပင်ရေးမှာ နိုင်ငံ၏ အနာဂတ်အတွက်များစွာ အရေးကြီးသည်ဖြစ်ရာ ယင်းဘာသာရပ်များ ဆိုင်ရာ အတွေ့အကြုံနှင့် အတွေးအမြင်တို့ကို မျှဝေရရှိနိုင်မည့် အစီအစဉ်တစ်ခုကို STI Myanmar University မှ စီစဉ် ဆောင်ရွက်ထားရှိပါသည်။ ယင်းမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ seminar on creative and critical thinking ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောမူဖြစ်ပြီး STI Myanmar University တည်ရှိရာ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ် ၊ MICT Park အဆောင် (၁၀) တွင် ၁.၁၀.၂၀၁၇ (တနင်္ဂနွေနေ့) နေ့လည် ၁နာရီမှ ၃နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှာ အီတလီနိုင်ငံ University of Turin , နယ်သာလန်နိုင်ငဲ University of Twente.တရုတ်နိုင်ငံ China Leadership Academy တို့တွင်ဧည့်ပါမောက္ခ ၊ British Columbia တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ၊ စီးပွားရေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူနှင့် ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် တို့တွင် အချိန်ပိုင်းပါမောက္ခအဖြစ် တာဝန်ယူထားပြီး စီမံခန့်ခွဲမူစာအုပ်များစွာ ရေးသားခဲ့သော ထင်ရှားသည့် ပညာရှင်တစ်ဦးဖြစ်ပါသည်။ မိမိတို့ အနာဂတ်ကို ထုဆစ်လိုသော လူငယ်တိုင်း မိမိသားသမီးများ’၏ ဘ၀ကို မြင့်မြင့်မားမား ပုံဖော်ပေးလိုသည့် မိဘတိုင်း မြန်မာလူ့ဘောင်၏ အနာဂတ်ကို စိတ်ဝင်စားသူတိုင်း တက်ရောက်မျှဝေ သင့်သော အခွင့်အရေးတစ်ရပ်ဖြစ်ပါသဖြင့် STI Myanmar University က အားလုံးကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။