Certificate in Business Management

description

လူ့အသိုင်းအဝိုင်း အကျိုးပြု CSR အဖြစ် အများစု တက်ရောက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည့် သင်တန်းဖြစ်ပါသည်။ Certificate in Business Management တစ်လလျှင် လေးသောင်းကျပ်မျှ ဖြင့် သင်ကြားပေးလျှက်ရှိပြီး သင်တန်းဆင်းထောင် ပေါင်းများစွာ အလုပ်အကိုင်များ ရရှိအောင်မြင်နေသည့် သင်တန်း ဖြစ်ပါသည်။ သင်တန်းကာလ (၆) လကြာမြင့်ပါသည်။


ဘာသာရပ်များ
- Business Communication
- Principle of Marketing
- Human Resources Management
- Business Accounting
- Information Technology & Information Systems Management
- Introduction to Management စသည့် ဘာသာရပ်များကို အခြေခံမှ စ၍ စာတွေ့နှင့် လက်တွေ့( project များ) ဖြင့် ပေါင်းစပ်သင်ကြားရမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းတစ်ခုအား စီမံခန့်ခွဲရာတွင် အခြေခံဖြစ်သော စာရင်းအင်းပညာ ၊ ဈေးကွက်ရှာဖွေခြင်း လူ့စွမ်းအားအရင်းမြစ် စီမံခန့်ခွဲခြင်း သတင်းအချက်အလက် နည်းပညာနှင့် စနစ်များ စီမံခန့်ခွဲမှု နည်းပညာ နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း ၏ အခြေခံ ပညာရပ်များ အားလုံး သင်ကြားရပါမည်။ အောင်မြင်ပါက ဟောင်ကောင် နှင့် အင်္ဂလန်နိုင်ငံ၏ စီးပွါးရေး ဘွဲ့ပထမနှစ် သို့ တိုက်ရိုက်ဝင်ခွင့် ရရှိပါသည်။ ဘွဲ့တစ်ခုခု ရရှိထားပြီး MBA ဆက်တက် လိုသူများအတွက် အခြေခံ သင်တန်းအဖြစ် တက်ရောက်နိုင်ပါသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် အတန်းစပါမည်။

သင်တန်းချိန် ။ ။
အောက်ပါတန်းခွဲများထဲမှ နှစ်သက်ရာ တန်းခွဲ တစ်ခုကိုရွေးချယ်တက်ရောက်နိုင်ပါသည်။
Section A: Sat - 8 AM ~ 6 PM
Section B: Sun - 8 AM to 6 PM
Section C: Mon ~ Fri - 7 AM ~ 9 AM
Section D: Mon ~ Fri - 10 AM ~ 12 Noon

လုပ်ငန်းခွင် ဝင်မည့်သူများ .. ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ .. Management ဘာသာရပ်ကို စတင်လေ့လာမည့်သူများအတွက် ဝါရင့် အတွေ့အကြုံရှိ ဆရာကြီးဆရာမကြီးများမှ သင်ကြားပို့ချပေးလျက်ရှိပါသည်။

လူဦးရေအကန့်အသတ်ရှိပါသဖြင့် မိမိနှစ်သက်ရာ အတန်းချိန်သို့ အမြန်ဆုံးစာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ။

STIMU ( SBT Campus )
အမှတ် ( 377, 387, 397 ) ရွှေဘုံသာလမ်း ( အထက်လမ်း ) ပန်းဘဲတန်းမြို့နယ်
အမှတ် ( 186, 188 ) ၂၈ လမ်း (အထက်လမ်း) ပန်းဘဲတန်းမြို့နယ်
Ph : ‎‎‎01 377988 , 378166