Seminar on Health in Emergency and Conflict Affected Areas

Speakers

ပါ​မောက္ခ​ဒေါက်​တာစိုးလွင်​ငြိမ်း ညွှန်​ကြား​ရေးမှူးချုပ်​ (ငြိမ်​)း ၊ ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာန
ဒေါက်​တာ​ကျော်​ညွန့်​စိန်​ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ (ငြိမ်း) ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာန
Dr Krishna Regmi ( Principal Lecturer in Public Health & Public Health Portfolio Lead , University of Bedfordshire, UK )

Time

အောက်​တိုဘာ( ၈ )ရက်​​နေ့ နံနက်​ ၉ နာရီမှ ၁၁:၃၀ အထိ

Address

ရန်​ကုန်​မြို့ Summit Parkview Hotel, ဖုန်း ၀၁ ၅၀၇၀၄၆, ၀၉ ၉၅၅ ၁၂၃၄ ၄၆ ~ ၄၉

description

STI Myanmar University မှ နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်​ရန်​ မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများကို အခါ အား​လျော်​စွာကျင်းပလျက်​ရှိပါသည်​။
ယ္ခုကဲ့သို့ နိုင်​ငံဖွံ့ဖြိုး​ရေးကို ​ဆောင်​ရွက်​​နေရသည့်​ မျက်​​မှောက်​ကာလတွင်​ သဘာဝ​ဘေးဒုက္ခများ ၊ အကြမ်းဖက်​အန္တရာယ်​များနှင့်​ လက်​နက်​ကိုင်​ပဋိပက္ခများ​ကြောင့်​ ရင်​ဆိုင်​ကြုံ​တွေ့ရသည့်​အခက်​အခဲ ၊ ပြဿနာများကိုအ​ရေးတကြီး ​ဖြေရှင်းရန်​လိုအပ်​လျက်​ရှိရာ တဖက်​တလမ်းမှ ပါဝင်​ဖြည့်​ဆီးသည့်​အ​နေဖြင့်​ STI Myanmar University မှ Seminar on Health in Emergency and Conflict Affected Area ​ခေါင်းစဉ်​ဖြင့်​ ​ဆွေး​နွေး​ဟော​ပြောပွဲတခုကို ၂၀၁၇ ခု ​အောက်​တိုဘာ ၈ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​မည်​ဖြစ်​ပါသည်​။
အဆိုပါ​ဆွေး​နွေးပွဲတွင်​ ပါ​မောက္ခ​ဒေါက်​တာစိုးလွင်​ငြိမ်း ညွှန်​ကြား​ရေးမှူးချုပ်​ (ငြိမ်​)း ၊ ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာနက " အ​ရေး​ပေါ်အ​ခြေအ​နေတွင်​ ​ကောင်းမွန်​​သော ပြည်​သူ့ကျန်းမာ​ရေး ​စောင့်​​ရှောက်​မှု " ​ခေါင်းစဉ်​ဖြင့်​လည်း​ကောင်း ၊ ​ဒေါက်​တာ​ကျော်​ညွန့်​စိန်​ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ (ငြိမ်း) ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာနက " လူမှု​ရေး ပဋိပက္ခနှင့်​ ​ဘေးအန္တရာယ်​များ ကျ​ရောက်​ခြင်းခံရ​သော ​ဒေသများရှိကျန်းမာ​ရေး" ​ခေါင်းစဉ်​ဖြင့်​ လည်း​ကောင်း ​ဆွေး​နွေး​ဟော​ပြောမည်​ဖြစ်​သည်​။ ထို့အပြင်​ အင်္ဂလန်​နိုင်​ငံမှ ပညာရှင်​ဖြစ်​​သော Dr Krishna Regmi ( Principal Lecturer in Public Health & Public Health Portfolio Lead , University of Bedfordshire, UK ) ကလည်း အတူပါဝင်​​ဆွေး​နွေး​ဟော​ပြောမည်​ဖြစ်​သည်​။

"ပဋိပက္ခများအကြား ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုဆိုင်​ရာ ဆန်းစစ်​သု​တေသနပြုချက်​များ" ​ခေါင်းစဉ်​ဖြင့်​​ဟော​ပြောမည့်​ Dr Krishna Regmi သည်​ Public Health ပညာရပ်​သင်​ကြားမှုနယ်​ပယ်​တွင်​ ၂၂ နှစ်​​ကျော်​ကြာ ​ဆောင်​ရွက်​ခဲ့သူဖြစ်​ပြီး နိုင်​ငံတကာ အဖွဲ့အစည်းများဖြစ်​​သော Helen Keller International, DFID , USAID , UNICEF နှင့်​ Save the Children တို့တွင်​ တာဝန်​ထမ်း​ဆောင်​ခဲ့သည်​။ စာအုပ်​စာတမ်းများနှင့်​ ​ဆောင်းပါးများစွာကိုလည်း ​ရေးသားခဲ့ကာ Decentralizing Health Services - A Global Perspective စာအုပ်​မှာထင်​ရှားသည်​။
အောက်​တိုဘာ( ၈ )ရက်​​နေ့ နံနက်​ ၉ နာရီမှ ၁၁:၃၀ အထိ ရန်​ကုန်​မြို့ Summit Parkview Hotel တွင်​ ကျင်းပမည်​ဖြစ်​​သော ယင်း​ဟော​ပြောပွဲကို စိတ်​ဝင်​စားသူ မည်​သူမဆို အခမဲ့တက်​​ရောက်​နိုင်​မည်​ဖြစ်​ရာ လိုအပ်​​သော ကြိုတင်​စီစဉ်​မှုများ ​ဆောင်​ရွက်​နိုင်​ရန်​ ( ဖုန်း ၀၁ ၅၀၇၀၄၆, ၀၉ ၉၅၅ ၁၂၃၄ ၄၆ ~ ၄၉ ) သို့မဟုတ်​ ( email - info@stiedu.net.) သို့ ကြိုတင်​စာရင်း​ပေးသွင်း တက်​​ရောက်​နိုင်​ပါ​ကြောင်းနှင့်​ အ​ကျွေးအ​မွေးဖြင့်​ ဧည့်​ခံမည်​ဖြစ်​ပါ​ကြောင်း သတင်းရရှိပါသည်​။