STI Myanmar University မှ ASEAN-CHINA Forum သို့ တက်ရောက်ခြင်း

description

ပုဂ္ဂလိက ကျောင်းများနှင့် တက္ကသိုလ်များတွင် အဆင့်မြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ASEAN-CHINA Forum တစ်ခု ကို တရုတ်နိုင်ငံ Sanya တက္ကသိုလ် Hainan Province တွင် Nov 29th ~ Dec 1st 2017 အထိ ကျင်းပခဲ့ကြောင်းသိရှိရသည်.။ ထို Forum ၏ ရည်ရွည်ချက်မှာ တရုတ်နိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများရှိ ပုဂ္ဂလိက ကျောင်းများနှင့် တက္ကသိုလ်များတွင် အဆင့်မြင့် ပညာရေးကို စနစ်တကျ အောင်မြင်စွာဖြင့် လုပ်ကိုင်နိုင်ရန် နည်းဗျူဟာများနှင့် အကြံဥာဏ်များကို အတူတကွ ဆွေးနွေးဖလှယ်ရန်ဖြစ်ပါသည်။ ထို ASEAN- CHINA Forum ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်၊ STI Myanmar University အားဖိတ်ကြားခြင်းခံခဲ့ရာ STI MU ၏ ဗိသုကာအင်ဂျင်နီယာဌာနမှ professor ဆရာကြီးဦးပါစီမျိုးမြင့် မှ တက်ရောက်ဆွေးနွေးခဲ့ သည်။ အဆိုပါ Forum သို့ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ် များက တက်ရောက်ခဲ့ပြီး အဆင့်မြင့်ပညာရေးကို မည်သို့တိုးတက်အောင်မြင် အောင်ပြုလုပ်ရမည် ကို အောက်ပါခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။

  1. Government’s Policies and Perspectives towards Private Higher Education.
  2. Develop positive University – Government Relationship.
  3. The path and direction of ASEAN-China Private higher education development.
  4. The role of non-government institutions
  5. Mutual learning and complementary strategy.
ထို့နောက် အဖွဲ့လိုက်ကိုယ်စားလှယ်များမှ မိမိတို့ အဖွဲ့ထဲတွင် ဆွေးနွေးခဲ့ သမျှကိုပြန်လည်မျှဝေ ဆွေးနွေးပြီး Private Higher Education ကို ပိုမို အောင်မြင်အောင် မည်ကဲ့သို့ ဆက်လုပ်သင့်ကြောင်းအကြံဥာဏ်များကိုလည်း ဖော်ထုတ်ခဲ့ကြသည်။ ထို့အပြင် တက်ရောက်လာသော တက္ကသိုလ်များအချင်းချင်း နားလည်မူစာချွန်လွှာ လက်မှတ်များလည်းရေးထိုးခဲ့သည်။ Forum ၏ လှုပ်ရှားမူအဖြစ်တက်ရောက်လာသော အဆင့်မြင့်တက္ကသိုလ်ကျောင်းများမှ ပါမောက္ခ ဆရာကြီး ဆရာမကြီးများက မိမိတို့ကျောင်းတွင် မည်သို့ သင်ကြားပို့ချသည့်ကို လက်တွေ့သင်ကြားသရုပ်ပြ ခဲ့ကြသည်။ ထိုကဲ့သို့ ပုဂ္ဂလိကပိုင်အဆင့်မြင့် တက္ကသိုလ်နှင့် ကျောင်းများအတွက် Forum များကို ကျင်းပြပေးခြင်းဖြင့် ASEAN နိုင်ငံများရှိ ပုဂ္ဂလိက တက္ကသိုလ်များ အချင်းချင်း တစ်ဦးနှင့် တစ်ဦး စုစုစည်းစည်းဖြင့် ပညာများမျှဝေနိုင်ခြင်း၊ မိမိတို့ကျောင်း၏ အတွေ့အကြုံများနှင့် အခက်အခဲများကို ဖြေရှင်းဖို့ အတူလက်တွဲလုပ်ဆောင်နိုင်ခြင်း၊ ကျောင်းသားများအတွက် အနာဂတ်မှာ ပိုမိုအကျိုးရှိမည့် သင်ကြားရေးဗဟိုပြု အဆင့်မြင့်ပညာရေးနည်းလမ်းများကို ဆွေးနွေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။