Hong Kong နိုင်ငံတွင် BBA in Management ဘွဲ့နှင်းသဘင်တက်ရောက်ခြင်း

description

 STI Myanmar University သည် The Open University of Hong Kong နှင့် ပူးပေါင်း၍ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို ပို့ချပေးလျှက်ရှိရာ နှစ်စဉ်ထူးချွန်သော ကျောင်းသား/ကျောင်းသူများ အောင်မြင်မှုအသီးသီးဆွတ်ခူးလျှက် အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ အုပ်ချုပ်သူအရာရှိများ အဖြစ်လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လျှက်ရှိကြပါသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဘွဲ့ကြိုသင်တန်းအောင်မြင်ပြီးစီးသူများသည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၂) ရက်နေ့က Hong Kong နိုင်ငံ The Queen Elizebeth Stadium တွင်ကျင်းပပြုလုပ်ခဲ့သည့် The Open University of Hong Kong (OUHK) ၏ (၂၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် BBA in Management ဘွဲ့ကိုရရှိခဲ့သည့် STI Myanmar University ၏ထူးချွန် ကျောင်းသားကျောင်းသူများဖြစ်သော မောင်သန့်နိုင်ထွန်း၊ မောင်ကျော်ဇင်သန့်၊ မအေးသန္တာထွန်း၊ မခွာညိုမြင့်သူ နှင့် မအေးသီရီမြင့်တို့က မိဘဆွေမျိုးများနှင့်အတူတကွ ပျော်ရွှင်စွာ တက်ရောက်ရယူခဲ့ကြောင်း သတင်းရရှိပါသည်။