STI Myanmar University မှ ဖေဖော်ဝါရီ ၂၀၁၈ စာသင်နှစ်အတွက် ပညာသင်ဆုများချီးမြှင့်ခြင်း

description

ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက်တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန် STI Myanmar University သည် ပညာသင်ဆုလျောက်ထားသော မြန်မာနိုင်ငံတ၀န်းရှိထူချွန်ကျောင်းသား/ သူများအားများထဲမှ (ဖေဖော်ဝါရီလ ၂၀၁၈ နှစ် စာသင်နှစ် အတွက်) ဆု ရရှိသူများအား ထုတ်ပြန်ကြေငြာ ထားပါသည်။ ယင်းပညာသင်ဆုများမှာ University of Bedfordshire (UK) မှချီးမြှင့်သည့် မဟာဘွဲ့များဖြစ်သော MBA ၊ MSc( Public Health) နှင့် MA Applies Linguistics (TEF) မဟာဘွဲ့များအတွက် ဖြစ်ပါသည်။ ပညာသင်ဆု လျှောက်ထားသူများထဲမှ ရခိုင်ဒေသအပါအ၀င် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သောနေရာများတွင် ပြန်လည် အလုပ်အကျွေးပြုလိုသော စိတ်အားထက်သန်မူရှိခြင်း၊ မိမိသင်ကြားလိုသောသက်ဆိုင်ရာ ဘာသာရပ်တွင်လည်း စိတ်ဝင်စားမူရှိခြင်း ၊ လူမူပတ်ဝန်းကျင်ကို အကျိုးပြုချင်သော စိတ်ဓါတ်ရှိပြီး တာဝန်ယူနိုင်မူ အပြည့်ရှိ၍ တိုင်းပြည်အတွက် အားကိုးနိုင်သော လူငယ်များဖြစ်ခြင်း၊ အကြမ်းဖက်လှုပ်ရှားမူများတွင် ပါဝင်ပတ်သတ်မူမရှိခြင်း၊ ကိုယ့်ကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ စသည့် အချက်အလက်များကို အဓိကထား၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ ပညာသင်ဆုများအတွက် ပညာရေး ကျန်းမာရေးနှင့် စီးပွားရေးနယ်ပယ်များတွင် အောင်မြင်ထင်ရှားသူ များ ပါဝင်သည့် ရွေးချယ်ရေးကော်မတီတစ်ခုကိုဖွဲ့စည်းထားကြောင်းသိရပါသည်။ ထိုကော်မတီတွင် ထင်ရှားသော စီးပွားရေးပညာရှင်ဖြစ်သော မြန်မာ့အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းအပါအ၀င် အဖွဲ့အစည်းများ ၊ စီးပွားရေးလုပ်ငန်းများ၏ အတိုင်ပင်ခံ ၊ စီးပွားရေးတက္ကသိုလ်၏ဂုဏ်ထူးဆောင် ပါမောက္ခ ဆရာမကြီးဒေါ်လှမြင့်၊ ဆေးပညာပါမောက္ခ (အငြိမ်းစား) ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့ (Myanmar Academy of Medical Science ) ၏ ဥက္ကဌ ပါမောက္ခဆရာကြီး ဒေါက်တာနေ၀င်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ၊ ဗိသုကာပညာဌာန၏ အငြိမ်းစား ပါမောက္ခ ၊ STI Myanmar University အင်ဂျင်နီယာဌာန၏ ဌာနမှူး ပါမောက္ခဆရာကြီး ဦးပါစီမျိုးမြင့်၊ နည်းပညာနယ်ပယ်တွင် ထင်ရှားသော စွန့်ဦးတီထွင်သူ ၊ Information Matrix Co., Ltd ၏ CEO ၊ 7Days News ၊ 7Days Digital Journal ၊ Internet Journal ၊ Myanmar People Magazine တို့၏ ထုတ်ဝေသူ ၊ Myanmar Computer Professional Association ၏ ဥက္ကဌ ၊ UMFCCI၏ အလုပ်အမူဆောင် အဖွဲ့ဝင်ဦးသောင်းစုငြိမ်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။ အဆိုပါ ကော်မတီမှ ( ၁၄.၀၁.၂၀၁၈) တွင် နှူတ်ဖြေလူတွေ့စစ်ဆေးခဲ့ပြီး အောက်ပါပုဂ္ဂိုလ်များအား အသီးသီး ပညာသင်ဆုများ ချီးမြှင့်လိုက်ကြောင်း သိရှိရပါသည်။
ပညာသင်ဆုရရှိသူများမှာ
၁။ ဦးသိန်းလှိုင် ၊ ၇/ပမန (နိုင်) ၀၇၁၈၄၁ ၊ နတ္တလင်းမြို့၊ MSc ( Public Health) ၁၀၀%
၂။ မလဲ့ယဉ်ဝင်း ၊ ၅/ဆလက (နိုင်) ၀၆၅၉၈၃ ၊ ဆားလင်းကြီးမြို့ MBA (General) ၁၀၀%
၃။ မအေးမြတ်မိုးဦး ၊ ၁၄/ပတန (နိုင်) ၀၁၀၀၂၁ ၊ ရန်ကုန်မြို့ MBA (General) ၃၀%
၎။ မောင်ထက်အောင်ကျော် ၊ ၉/မဟမ (နိုင်) ၀၃၃၉၀၄ ၊ မန္တလေးမြို့ MBA ( General ) ၂၅%
၅။ Ms.Abishave ၊ ၄/ ဟခန (နိုင်) ၀၄၂၄၄၀ ၊ ဟားခါးမြို့ ၊ MA Applied Linguistics ( TEFL) 30% တို့ဖြစ်ကြောင်း သိရှိရပါသည်။


ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ယုံကြည်စိတ်ချစွာ ယနေ့ပင် စတင်လိုက်ပါ ..... အသေးစိတ် သိရှိလိုသည်များအတွက် ... STI MU ( MICT Campus )
Block 10, MICT Park ,
လှိုင်တက္ကသိုလ် ၊ လှိုင်မြို့နယ်၊ ရန်ကုန်။

099 55 1234 46-9