STI Myanmar Universtiy ၏ ၁၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။

description

STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၄) ရက်နေ့ ပြည်လမ်း Lotte Hotel Crystal Ballroom တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားကို NLD ဗဟိုအလုပ်အမူဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်း၊ လျှပ်စစ်စက်မူလက်မူနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဒေါ်နီလာကျော် နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ University of Bedfordshire ( UOB) မှ Vice Chancellor Mr.Bill Rammell နှင့် Executive Dean Professor Helen Bailey ၊ STI Myanmar University မှ Managing Director Daw Khin Aye Win နှင့်တကွ အုပ်ချုပ်ရေးနှင့် သင်ကြားရေးအဖွဲ့ဝင်များ ၊ ကျောင်းသားမိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘွဲ့နှင့်အောင်လက်မှတ်ရရှိထားသော ကျောင်းသားကျောင်းသူ၆၀၀ ကျော်အနက်မှ ၃၆၅ဦး တက်ရောက် ပြီး BA ( Hons) ၊ Business Administration ( UOB) ၊ BBA in Management ( The Open University of HongKong) ဘွဲ့များအပါအ၀င် ဒီပလိုမာနှင့် အောင်လက်မှတ်များ ၊ ထူးချွန်ဆုများကို အသီးသီးချီးမြှင့်ခဲ့ပါသည်။