STI Myanmar University မှ Final Year တက်ရောက်ကြမည့် Engineering ကျောင်းသား၊ကျောင်းသူများ အလုပ်သင်(Internship) သွားရောက်ခြင်း

description

STI Myanmar University နှင့်  University of  Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်သော  BEng ( Hons)  အင်ဂျင်နီယာဘွဲ့သင်တန်းများတွင် ပညာဆည်းပူး သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ သည် ကျောင်းတက်နေစဉ်အတွင်းလုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် ဆောက်လုပ်ရေးကုမ္ပဏီ ကြီးများ၌ အလုပ်သင် ၀န်ထမ်းအဖြစ် ၀င်ရောက်လေ့လာ နိုင်ရန် STI  Myanmar University မှ နှစ်စဉ် စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။ ယခုအခါ တတိယအကြိမ်အဖြစ်  Civil ၊ Atchitectural နှင့် Electronic major အသီးသီးမှ  နောက်ဆုံးနှစ် တက်ရောက်ကြမည့်   ကျောင်းသားကျောင်းသူ စုစုပေါင်း (၆၂)ဦး သည်   သက်ဆိုင်ရာ ကုမ္ပဏီများတွင် အလုပ်သင်ဝန်ထမ်းအဖြစ် မတ်လ (၁၂) ရက်နေ့မှစတင်၍ အောက်ပါကုမ္ပဏီကြီးများတွင် တစ်လတိတိ  လုပ်ငန်းခွင် အသီးသီးဝင်ရောက် ကြမည်ဖြစ်ပါသည်။ ၁။  အာရုံဦး ကုမ္ပဏီလီမိတက်  ၂။  မုတ္တမကုမ္ပဏီိလီမိတက် ၃။  ဓနစံရာ ကုမ္ပဏီလီမိတက် ၄။  မြန်မာမဟာထွန်း ကုမ္ပဏီလီမိတက် ၅။ M.K.T ကုမ္ပဏီလီမိတက် ၆။ System Engineering Co.Ltd ၇။ Jpyance International Co.Ltd ၈။  မြနန္ဒာ Co.Ltd ထိုကဲ့သို့ လုပ်ငန်းခွင်များထဲတွင်ဝင်ရောက်လုပ်ကိုင်နေစဉ်   ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းကင်းနှင့် လုံခြုံစိတ်ချမူရှိစေရန် အာမခံထားရှိခြင်း၊ ဆရာ၊ဆရာမက လုပ်ငန်းခွင်ထဲသို့ တစ်ပတ်တစ်ကြိမ် သွားရောက် တွေ့ဆုံကာ အရည်အချင်းများကို အကဲဖြတ်ခြင်း၊ တစ်နေ့တာ လုပ်ဆောင်ချက်များ ရေးသားထားသော မှတ်တမ်းစာအုပ်များ စစ်ဆေးခြင်း စသည်တို့ကို  ကြီးကြပ်ဆောင်ရွက်ပေးမည် ဖြစ်သည်။  Intership Program များ သည် နောင်အချိန်တွင် STIMU မှ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  အလုပ်ခွင်ထဲသို့ မ၀င်ရောက်မီ မိမိ၏ အနာဂတ် လုပ်ငန်းခွင်အတွက် အတွေ့အကြုံများစွာ ရရှိခြင်း၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ခြင်း၊  မိမိ၏ ကာယ၊ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာခြင်း ၊လုပ်ငန်းများကို လက်တွေ့ သင်ယူလေ့လာခွင့်ရခြင်း  ၊  တစ်ဦးတည်းသာမဟုတ်၊ အသင်းအဖွဲ့များနှင့် စုပေါင်းဆောင်ရွက်ခွင့်ရရှိခြင်း ၊ မိမိ၏ စိတ်ဝင်စားမူနှင့် လုပ်နိုင်စွမ်းအားကို မိမိကိုယ်တိုင်သိရှိနားလည်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အဆက်အသွယ် ကောင်းများ ရရှိခြင်း စသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။