STI Myanmar University မှ Architectural ကျောင်းသားများ၏ အစ္စရေးနိုင်ငံ Tel Aviv တက္ကသိုလ်သို့ လေ့လာရေးခရီးစဉ်

description

STI Myanmar University မှ Architecuture ကျောင်းသားများ၏ အစ္စရေးနိုင်ငံသို့ လေ့လာရေးခရီးစဉ်

 STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BEng(Hons)Architectural Engineering ဘွဲ့သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများသည် ကမ္ဘာ့အဆင့် အထင်ကရဗိသုကာပညာရပ်များ လေ့လာဆည်းပူးရန် ၂၀၁၈ခုနှစ် မတ်လ(၁၄) မှ မတ်လ(၂၆) ရက်အထိ အစ္စရေးနိုင်ငံသို့ပညာသင်     လေ့လာရေး ခရီးအဖြစ်  သွားရောက်မည် ဖြစ်သည်။

 STIMU ၏ Lecturer, Israeli Architect Mr. Guy Nir ဦးဆောင်သော ကျောင်းသားများသည် မတ်လ (၁၄) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာပြီး မတ်လ (၁၅) ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ရောက်ရှိကြပါသည်။ မတ်လ(၁၆) ရက်နေ့တွင် အစ္စရေးနိုင်ငံ၏  အကျော်ကြားဆုံးမြို့ဖြစ်သော Tel Aviv မြို့ ၏ ဗိသုကာလက်ရာများကို သွှားရောက်လေ့လာမည်ဖြစ်သည်။  မတ်လ(၁၇) ရက်နေ့တွင် Tel Aviv ၏ တောင်ဘက်ပိုင်း ကမ်းရိုးတန်းရှိ အလွန်သာယာလှပသော Holon မြို့ ရှိ အဆောက်အဦ များနှင့် ခမ်းနားကြီးကျယ်သော ပြတိုက်များရှိ ဗိသုကာလက်ရာများကိုလည်း သွားရောက်လေ့လာ ကြမည်ဖြစ်သည်။ မတ်လ (၁၈) ရက်နေ့တွင်  ရှေးဟောင်အနုပညားလက်ရာများဖြင့် အံ့မခမ်းလှပသော အစ္စရေးနိုင်ငံ၏  မြို့တော်   Jerusalem      မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဂျူးဘာသာ ဘုရားရှိခိုး ကျောင်း နှင့် ဘာသာရေးဆိုင်ရာ ဘုံ ဗိမာန် အဆောက်အဦများ၊ ဘုရားကျောင်းများ၏ ဗိသုကာလက်ရာများကို သွားရောက်  လေ့လာ မည်ဖြစ်သည်။ မတ်လ (၁၉) ရက်နေ့တွင် နိုင်ငံခြားသားခရီးသည်များ စိတ်ဝင်တစား သွားရောက်  လေ့ရှိသည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ရှိရာ Haifa မြို့၏ အဆောက်အဦ များနှင့် ရှေးဟောင်း ရုပ်ထုများ၊ အဆောက်အဦများရှိ ဗိသုကာ လက်ရာများကိုလည်း သွားရောက်လေ့လာရန်  ခရီးဆက် ကြမည်ဖြစ်သည်။  မတ်လ (၂၀) ရက် နေ့တွင် Tel Aviv တက္ကသိုလ်ကို သွာရောက်လေ့ လာမည်ဖြစ်ပြီး၊  မတ်လ (၂၁) မှ(၂၃)ရက် နေ့အထိ Tel Aviv တက္ကသိုလ်တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် Tel Aviv တက္ကသိုလ်မှ ဗိသုကာဆရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လက်တွေ့ဗိသုကာပုံကြမ်းများ ရေးဆွဲပုံဖော်ခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ပုံစံငယ်များ တီထွင်ဖန်တီးခြင်းတို့ကို လုပ်ဆောင်ကြမည်ဖြစ်သည်။ မတ်လ(၂၄) ရက်နေ့တွင်  ပြင်ပ ဗဟုသုတများလေ့လာခြင်း ၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း၊ မြို့တွင်းသို့ လှည့်လည်ကြည့်ရှုခြင်း များပြုလုပ်၍ မတ်လ (၂၅)ရက်နေ့တွင် ပြန်လည်ထွက်ခွာကာ (၂၆) ရက် နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည်ဖြစ်ကြောင်း သိရှိရပါသည်။