ပညာထူးချွန် စာပေမွန် ဟောပြောပွဲ

Speakers

Time

2018-03-24

Address

description

STI Myanmar University မှ ကြီးမှူးကျင်းပမည့် ‘ပညာထူးချွန် စာပေမွန်’ ဟောပြောပွဲ ၂၀၁၈ခုနှစ် မတ်လ ၂၄ရက် (စနေနေ့) မှာ မန္တလေးမြို့တွင် ‘ပညာထူးချွန် စာပေမွန်’ ဟောပြောပွဲကိုSTI Myanmar University က ကြီးမှူးကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာခင်မောင်ညိုနှင့် ဆရာဟိန်းလတ် တို့မှတက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ နှင့် ဘွဲ့ရလူငယ်များ ၊ မိဘများ အတွက် ပညာရေးဆိုင်ရာ ဗဟုသုတအထွေထွေကို ဟောပြောသွားမှာ ဖြစ်ပြီး အခမဲ့ စာရင်းပေးတက်ရောက်နိုင်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော University of Bedfordshire (UK) နှင့် The Open University of HONG KONG မှ BA(Hons) နှင့် BBA in Management စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ရ STI ကျောင်းသား ကျောင်းသူများ၏ အတွေ့အကြုံများကိုလည်း စိတ်ဝင်စားသည့် မျိုးဆက်သစ် ကျောင်းသားကျောင်းသူ လူငယ်များအား ဝေမျှပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲလေးကို-
ဘယ်လို ပညာရပ်ကိုရွေးချယ်သင်ယူသင့်လဲ?
ဘွဲ့ရပြီးရင်ရော ဘယ်လိုပညာရပ်တွေဆက်လက်သင်ယူနိုင်သလဲ?
မိဘများအနေနဲ့ ကိုယ့်သားသမီးကို အကောင်းဆုံးရွေးချယ်မှုတွေ ပြုလုပ်နိုင်အောင် ဘယ်လိုလမ်းညွှန်ပေးနိုင်မလဲ? စတဲ့မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေရင်တော့ တက်ရောက်သင့်ပါတယ်။
တက်ရောက်လိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉ ၇၈၃၈ ၀၀၀ ၆၂ ~ ၆၄ ကိုဆက်သွယ်ပြီစုံစမ်းပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
နေ့ရက်- ၂၀၁၈ မတ်လ ၂၄ရက် (စနေနေ့)
အချိန်- နေ့လည် ၂နာရီ မှ ၅နာရီ
နေရာ- Hotel Sakura Princess
အမှတ် (၇/၈ – B) ၆၇လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်း ကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့