Going Global 2018 Conference သို့ STI Myanmar University မှတက်ရောက်ခြင်း

Speakers

Time

2018-05-02

Address

description

မလေးရှားနိုင်ငံ ကွာလာလမ်ပူ Convention Center တွင် Going Global 2018 Conference ကို ၂၀၁၈ ခုနှစ် မေလ၂ ရက်နေ့မှ ၄ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ Going Global Conference သည် အပြည်ပြည်ဆိုင်ရာ အနာဂတ် ပညာရေးကို  ဦးဆောင်မည့်သူများအတွက် အဆင့်မြင့်ပညာရေး၏ အနာဂတ်ကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးနိုင်ရန် ဗြိတိသျှ ကောင်စီ ( British Council ) နှင့် မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှပူးပေါင်း  ကျင်းပခြင်းဖြစ်သည်။   ယင်း Going Global 2018 Conference သည် အသိပညာခွဲဝေမူများ အတွက်ထူးခြားသော စင်မြင့်တစ်ရပ်ကို ဖန်တီးပေးခြင်းဖြစ်ပြီး ဒေသခံများအတွက် ဒေသအတွင်း အမျိုးသားရေးနှင့်  ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များ ချိတ်ဆက်ပေးခြင်း  ၊ အပြည်ပြည်ဆိုင်ရာ ပညာရေး အတွက် ဆောင်ရွက်လုပ်ကိုင်နေသူများ၊ မူဝါဒချမှတ်သူများ နှင့်  ဆရာဆရာမများအတွက်  ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကို  ဖန်တီးပေးခြင်းတို့ကို ရည်ရွည်၍ ကျင်းပခြင်းဖြစ်သည်။                   မေလ ၂ရက်နေ့တွင် မလေးရှားနိုင်ငံ၏ အထင်ကရ တက္ကသိုလ်ကြီးများဖြစ်သော Heriot-Watt University Kebangsaan Malaysia, University Teknologi Malyasia University of NNottingham Malaysia Compus University of Malaysia တက္ကသိုလ်များသို့  Compus Tour များ သွားရောက်လေ့လာခြင်းနှင့် Welcome Reception ကိုဖွင့်လှစ်ခဲ့ပါသည်။                              မေလ၃ရက်နေ့တွင် အဆင့်မြင့်ပညာရေးအတွက်ရေပန်းစားနေသော အချက်များ၊ အာဆီယံတက္ကသိုလ်များနှင့်   UK တက္ကသိုလ်များ၏ ကွဲပြားးခြားနားချက်များ  ၊ ပညာရေး တက္ကသိုလ်များ အတွက် လူမူရေးဆိုင်ရာ ကိစ္စများနှင့် အတွေ့အကြုံများ ၊   စီးပွားရေး စွန့်ဦးထီထွင်သူများအတွက် ကောင်းမွန်သော အတွေးအခေါ် အလေ့အထများ၊  သင်ယူလေ့လာသူများအတွက် အမှန်တကယ်လိုအပ်သော စွမ်းရည်များ ၊ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ၏ အမြင်နှင့် နည်းဗျူဟာများကို  session အလိုက် မနက် ၉နာရီမှ ညနေ၄နာရီခွဲအထိ session များခွဲ၍  စိတ်ဝင်ဝားဖွယ်ရာ ခေါင်းစဉ်များဖြင့် အပြန်အလှန် ဟောပြောဆွေးနွေးခဲ့ပါသည်။                        မေလ ၄ရက်နေ့တွင် မလေးရှားနိုင်ငံကျောင်းသားများ၏ အပြည်ပြည်ဆိုင်ရာ စာသင်ကြားခြင်း အတွေ့အကြုံများ ၊  အဆင့်မြင့်ပညာရေးတွင် နိုင်ငံတကာ နှင့် ပတ်သက်သော  ခေါင်းဆောင်မူအတွက် စိန်ခေါ်မူအသစ်များ၊ လူဘောင်အဖွဲ့အစည်းအတွင်း အောင်မြင်မူများအတွက် တီထွင်ကြံဆမူများ စသည်တို့ မနက်၉နာရီမှ ၁၀နာရီခွဲ အထိ ဆွေးနွေးခဲ့ပြီး  ၊ တက်ရောက်လာသော ပညာရှင်များကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် မနက် ၁၁ နာရီမှ ၁၂ နာရီအထိ  Global education, local impact shaping a future world ခေါင်းစဉ်ဖြင့်  ပညာရေးအဖွဲ့ အစည်းများခေါင်းဆောင်များ၊  NGO အဖွဲ့ဝင်များနှင့် ရေဒီယိုရုပ်သံအသံလွှင့်သူများ ဟောပြော   ဆွေးနွေးခဲ့ပြီး  Poster ဆုရသည့် Coventry University အား ဆုချီးမြှင့်ခဲ့ပြီး မလေးရှားနိုင်ငံ၏ ရိုးရားအကအလှများဖြင့် ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။                         အဆိုပါ Conference သို့ နိုင်ငံပေါင်း၈၀ကျော်မှ နိုင်ငံတကာ အဆင့်မြင့် ပညာရေး ခေါင်းဆောင်များ ၊ အဓိပတိများ ၊ အကြီးအကဲများ ၉၀၀ကျော်ခန့် တက်ရောက်ဆွေးနွေးခဲ့သည်။  နိုင်ငံတကာတက္ကသိုလ် နှင့်ကောလိပ်ကျောင်းများမှ အုပ်ချုပ်ရေးမှူးများ ၊  နိုင်ငံအကြီးအကဲများ ၊  တက္ကသိုလ်ပါမောက္ခများ နှင့် ကျောင်းအုပ် ဆရာ ၊ ဆရာမကြီးများ ၊ ပညာရေးဆိုင်ရာ  အကြံပေး ပညာရှင်များ၊ ၀န်ကြီး များ  ၊ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ သတင်းစာဆရာများ ၊ ပညာရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာချမှတ်ပေးသူများ ၊ နိုင်ငံတကာ  ပညာရေးအတွက် ဆောင်ရွက် လုပ်ကိုင် နေသူများ၊  မြန်မာနိုင်ငံမှ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်များ၊  ရန်ကုန်ဆေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် ( YTU) နှင့် မန္တလေး နည်းပညာတက္ကသိုလ် ( MTU) မှ ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်များ အပြင် ပုဂ္ဂလိကကဏ္ဍမှ ဖိတ်ကြားခြင်းခံရသော STI Myanmar University ၏  Managing Director ဒေါ်ခင်အေးဝင်းနှင့်   Executive Director ဒေါက်တာမျိုးမျိုးနိုင်တို့ ဂုဏ်ယူစွာဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။