Honorable dinner at Western Park Ruby

Speakers

Time

2018-05-31

Address

description

STI Myanmar University ၏ ဂုဏ်ပြု ညစာစားပွဲ

                         STI Myanmar University သည်  Bachelor of Engineering ဘွဲ့ရကျောင်းသား ၊ ကျောင်းသူများနှင့်  ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သော ဘောလုံး ၊ စားပွဲတင် တင်းနစ် ၊ စစ်တုရင် ၊ ရေကူး ၊ အပြေးပြိုင်ပွဲ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဘတ်စကတ်ဘောပြိုင်ပွဲများ၏ ဆုရအသင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်သည့် ညစာ စားပွဲကို  ၂၀၁၈ ခုနှစ် မေလ (၃၁) ရက်နေ့  ပြည်သူ့ဥယျာဉ်ထဲရှိ Western Park Ruby တွင် ညနေ ၆နာရီမှ ၉နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

                      ထိုအခမ်းအနားတွင် အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီးသည်နှင့် STI Myanmar University ၏ Student Council President မောင်အောင်သန့်မှ ကျေးဇူးတင်စကားနှင့် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲအသီးသီးရှိ ပြိုင်ပွဲဝင် အားကစားသမားများ ကိုယ်စား မစုလှိုင်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး STI Myanmar University ၏ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးသည့် Volunteer ကျောင်းသား ၊ ကျောင်းသူများကိုယ်စား  မောင်အောင်ဟိန်းကျော်မှလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။

                     ထို့နောက် CDC Sports Festival 2018 champion ဆုရ table Tennis အဖွဲ့အား ဆုဖလားကို လွှဲပြောင်း ပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာလည်း ပေးအပ်ခဲ့သည်။ Private Union League ( PUL 2017) Champion ဆုရ STIMU FC  အဖွဲ့အားလည်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်အဖွဲ့များနှင့်  STI Student Council (2017-2018) သက်တမ်းတွင် အားကြိုးမာန်တက် ကူညီပေးခဲ့ကြသော Volunteers ကျောင်းသား ၊ ကျောင်းသူများကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  ဆက်လက်၍ STI Myanmar University ၏ Managing Director Daw Khin Aye Win မှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး  ဖျော်ဖြေရေးအစီအစဉ်များ ဖြင့်  ဂုဏ်ပြု ညစာ စားပွဲကို အောင်မြင်စွာ ကျင်းပခဲ့ ကြောင်း သိရှိရပါသည်။