Internship Experience Sharing Session

Speakers

Time

2018-06-28

Address

description

 

                                       Internship Experience Sharing Session Event

STI Myanmar University နှင့်  University of  Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်သော  BEng ( Hons)  အင်ဂျင်နီယာဘွဲ့သင်တန်းများ  တွင် ပညာဆည်းပူး သင်ကြားနေသော Civil ၊ Architecture နှင့် Electronic major များမှ နောက်ဆုံးနှစ် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ(၆၂) ဦးသည် STI Myanmar University ၏ စီစဉ်ပေးမူအရ   အာရုံဦး ကုမ္ပဏီ ၊ ဓနစံရာ ကုမ္ပဏီ၊ မင်းဓမ္မ ကုမ္ပဏီ ၊ JI ကုမ္ပဏီ ၊ MKT ကုမ္ပဏီ၊  System Engineering ကုမ္ပဏီ  ၊ MND ကုမ္ပဏီ  နှင့်  မြန်မာမဟာထွန်း ကုမ္ပဏီ စသည့်    ဆောက်လုပ်ရေး ကုမ္ပဏီကြီးများတွင် အလုပ်သင်ဝန်ထမ်းများအဖြစ်  ၀င်ရောက်လုပ်ကိုင်ခဲ့ကြသလို  လေ့လာရေး ခရီးစဉ်အဖြစ်  Isreal နိုင်ငံသို့လည်း သွားရောက်ခဲ့ပါသည်။  ၂၀၁၈ခုနှစ် ဇွန်လ (၂၈) ရက်နေ့ မနက်(၁၀) နာရီမှ (၁၂) နာရီအထိ  MICT Park အတွင်းရှိ STI Myanmar University တွင် အဆိုပါ ကျောင်းသားများသည် မိမိတို့၏  လုပ်ငန်းခွင်အတွေ့ အကြုံများနှင့်  ပြည်ပလေ့လာရေးခရီးစဉ်မှ ရရှိခဲ့သည့် ဗဟုသုတများအား လက်ဆင့်ကမ်းမျှ  ဝေပေးသည့် Internship Experience Sharing Session ကို ကျင်းပခဲ့ပါသည်။

                       ယင်းအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း မှ မုဒိတာ စကားပြောကြားခဲ့ပြီး ၊ ကျောင်းသားကျောင်းသူများမှ Presentation Group   များဖွဲ့၍ မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများ နှင့် သင်ယူလေ့လာခဲ့သမျှကို Power Point များ ၊ Photo များ ၊ Dataများ ၊ Report များဖြင့် စနစ်တကျ ရှင်းလင်းတင်ပြခဲ့ ကြရာတွင် ကျောင်းသားကျောင်းသူများကလည်း စိတ်ဝင်တစားနားထောင်ခဲ့ ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးကာ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။  Presentation Group ပေါင်း (၁၀) ဖွဲ့ရှိပြီး ၊ တင်ဆက်ပြသသူများထဲမှ အကောင်းဆုံးနှင့် ပရိသတ်ကို ဆွဲဆောင်နိုင်ဆုံး Best Presentation Group အဖြစ် နောက်ဆုံးနှစ် Civil ကျောင်းသား မောင်အောင်သန့်၊ Architecture ကျောင်းသားမောင်ဇင်မင်းခန့်၊ မဝေေ၀ရှန်၊ မဖြိုးသော်တာ တို့ပါဝင်သည့် MKT  Construction Co.Ltd ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြသည့်   အဖွဲ့အားလည်းကောင်း၊ Best Presenterဆု အဖြစ် Civil နောက်ဆုံးနှစ်ကျောင်းသား  မောင်မျိုးမင်းထက်အား လည်းကောင်း STI Myanmar University ၏ Executive Director ဒေါက်တာမျိုးမျိုးနိုင်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။