Internship program for Business students

description

STI Myanmar University မှ စီးပွားရေး ဘွဲ့ ကျောင်းသားများအတွက် အလုပ်သင်အခွင့်အရေးးများ ပေးအပ်ခြင်း Myanmar University သည် အဆင့်မြင့်တက္ကသိုလ်ကြီးများဖြစ်သော University of Bedfordshire ( UK ) ၊ The Open University of HongKong ( HK  )   တို့နှင့် ပူးပေါင်းဖွင့်လှစ်သော  BBA in Management ၊ BA(Hons) Business Administration နှင့်     BA ( Hons )    Accounting  စသည့် စီးပွားရေးဘွဲ့ သင်တန်းများ  တွင် ပညာဆည်းပူး  နေသော ကျောင်းသား၊  ကျောင်းသူများကို  Multi National ကုမ္ပဏီကြီးများနှင့် စီးပွားရေးလုပ်ငန်းများတွင် အလုပ်သင် ၀န်ထမ်းအဖြစ်ဝင်ရောက်လေ့လာစေရန်နှင့် လုပ်ငန်းခွင်အတွင်း  အတွေ့အကြုံများရရှိစေရန် စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။ BBA in Management ၊ BA(Hons) Business Administration နှင့်    စာရင်း BA ( Hons )    Accounting  စသည့်        မေဂျာအသီးသီးမှ            နောက်ဆုံးနှစ်  ကျောင်းသား ကျောင်းသူ    စုစုပေါင်း  ( ၃၅)  ဦးသည် အလုပ်သင် ၀န်ထမ်းအဖြစ် ဇူလိုင်လ ပထမအပတ်မှ စတင်၍  အောက်ပါကုမ္ပဏီကြီးများတွင် တစ်လ  နှင့် နှစ်လကြာလုပ်ငန်းခွင် များ ၀င်ရောက်ကြမည်ဖြစ်ပါသည်။

 

၁။  STI Myanmar University  ( MICT Head Office )

၂။  AYA Bank ( ဆူးလေရုံး Head office)

၃။  MOB Bank Limited

၎။  Capital Star Co.,Ltd.

၅။  Loi Hein Co.,Ltd.

၆။   Yangon Stock Exchange  Joint- Venture Co, Ltd.   

၇။ Blue Ocean Operating Management Company .        

                  ထိုကုမ္ပဏီကြီးများတွင်  Public Relationship Department ၊ HR Department ၊ Distribution  Department ၊ Leadership and Development  Department၊ Operation Department ၊ Finance  Department  ၊ Marketing  Department ၊   Loan Department များတွင်လေ့လာသင်ယူ အလုပ်လုပ်ကြမည် ဖြစ်သည်။   ထိုကဲ့သို့ လုပ်ငန်းခွင်များထဲတွင်ဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့်  ကျောင်းသား ကျောင်းသူများ  သည် ကျောင်းတက်နေစဉ် သင်ယူခဲ့သော စာတွေ့သင်ခန်းစာများကို မိမိတို့၏ ပြင်ပလုပ်ငန်းခွင်တွင် လက်တွေ့လေ့လာသင်ယူခြင်းဖြင့် အတွေ့အကြုံကောင်းများ ရရှိခြင်း ၊  မိမိ၏ အနာဂတ် လုပ်ငန်းခွင်အတွက် ဗဟုသုတများရရှိခြင်းနှင့် စွမ်းရည်သတ္တိများ ဖွံ့ ဖြိုးတိုးတက်လာခြင်း  ၊ မိမိတစ်ဦး တည်းသာမဟုတ်၊ အသင်းအဖွဲ့များနှင့် စုပေါင်းဆောင်ရွက်ခွင့်ရရှိခြင်း ၊ မိမိ၏ စိတ်ဝင်စားမူနှင့် လုပ်နိုင်စွမ်းအားကို မိမိကိုယ်တိုင်သိရှိနားလည်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အဆက်အသွယ် ကောင်းများ ရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ် ပါသည်။