Health Science Seminar in July

Speakers

Time

2018-07-21

Address

description

ဇူလိုင်လတွင်ကျင်းပခဲ့သော STI Myanmar University ၏ကျန်းမာရေးသိပ္ပံဆိုင်ရာမဟာဘွဲ့ဟောပြောပွဲ

STI  Myanmar University သည့် အင်္ဂလန် နိုင်ငံရှိ University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့် သည့် ကျန်းမာရေးသိပ္ပံဆိုင်ရာ ဘွဲ့လွန်များဖြစ်သည့် MSc (Nutrition & Dietetics)၊ MSc (Public Health) နှင့်   MBA (Hospital & Health Services Management) သင်တန်းများ အကြောင်း မိတ်ဆက်ခြင်းအခမ်းအနားနှင့် ထိုင်းနိုင်ငံ အာဟာရ ပညာရှင်များအသင်း ဥက္ကဌ Professor Chanida Pachotikarn မှ အာဟာရ ပညာအကြောင်း ဟောပြောခြင်းအခမ်းအနားကို ဇူလိုင် (၂၁) ရက် ၊၂၀၁၈ခုနှစ်တွင် ရန်ကုန်မြို့ MICT Campus ရှိ STI Myanmar University  ၌ နေ့လည် ၁ နာရီခွဲမှ ၃ နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ပါသည်။

     ထိုအခမ်းအနားတွင် STI Myanmar University ၏ Executive Director  ဒေါက်တာချိုမာလွင်မှ ၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးသိပ္ပံဆိုင်ရာ မဟာဘွဲ့များကို ကမ္ဘာ့အဆင့်မီ ရယူနိုင်အောင်    STI Myanmar University က ကူညီပံ့ပိုးပေးနေပါကြောင်း၊ ဘွဲ့ရ ကျောင်းသားများအတွက် သာမက မိမိ နိုင်ငံအတွက်ပါ အကျိုးပြုနိုင်မည့်  ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွည်ပါကြောင်း ၊ ထိုဘာသာရပ်များကို မိတ်ဆက်ပေးနိုင်ရန် ဒီနေ့ ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားအဖြစ်ပြောကြားခဲ့သည်။ ဆက်လက်၍  ထိုင်းနိုင်ငံအာဟာရပညာရှင်များအသင်းဥက္ကဌ ၊ မဟီဒေါတက္ကသိုလ်အာဟာရပညာဌာနမှ Professor Chanida Pachotikarn က “ What is a Dietitian? “ ခေါင်းစဉ်ဖြင့်  အာဟာရပညာအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်  ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့နောက် STI Myanmar Univeristy  ၏  Master of Science  in Nutrition and Dietetics programs  မှ  MSc ( Nutrition & Dietetics) ဘွဲ့ရ ဒေါက်တာညီညီကျော်နှင့် Master of  Science in  Public Health Program မှ  MSc( Public Health) သင်တန်းသူဒေါက်တာခင်ဝတ်ရည်လှ တို့မှ STI Myanmar University တွင် ပညာသင်ကြားခြင်း အတွေ့အကြုံများကို့ပြန်လည်မျှဝေပေးခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

        ထို့နောက် STI Myanmar University ၏ Executive Director  ဒေါက်တာချိုမာလွင်မှ STI MU တွင် ယခု ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော  Health Science Master Program များအကြောင်း မိတ်ဆက်ပြောကြားခဲ့ ပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။