Health Science Seminar at Mandalay in July

Speakers
Time
2018-07-22
Address
description
ဇူလိုင်လတွင်ကျင်းပခဲ့သော STI Myanmar University ၏ကျန်းမာရေးသိပ္ပံဆိုင်ရာမဟာဘွဲ့ဟောပြောပွဲ
STI Myanmar University သည့် အင်္ဂလန် နိုင်ငံရှိ University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့် သည့် ကျန်းမာရေးသိပ္ပံဆိုင်ရာ ဘွဲ့လွန်များဖြစ်သည့် MSc (Nutrition & Dietetics)၊ MSc (Public Health) နှင့် MBA (Hospital & Health Services Management) သင်တန်းများ အကြောင်း မိတ်ဆက်ခြင်းအခမ်းအနားနှင့် ထိုင်းနိုင်ငံ အာဟာရ ပညာရှင်များအသင်း ဥက္ကဌ Professor Chanida Pachotikarn မှ အာဟာရ ပညာအကြောင်း ဟောပြောခြင်းအခမ်းအနားကို ဇူလိုင် (၂၂) ရက် ၊၂၀၁၈ခုနှစ်တွင် မန္တလေးမြို့ Hilton Mandalay Hotel ၌ နေ့လည် ၁၂နာရီခွဲမှ ၂ နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ထိုင်းနိုင်ငံအာဟာရပညာရှင်များအသင်းဥက္ကဌ ၊ မဟီဒေါတက္ကသိုလ်အာဟာရပညာဌာနမှ Professor Chanida Pachotikarn က “ What is the different between Nutritionist and Dietitian “ ၊ “ What is a Dietitian? “ စသည့် ခေါင်းစဉ်များဖြင့် အာဟာရပညာအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ STI Myanmar University ၏ Executive Director ဒေါက်တာချိုမာလွင်မှ မြန်မာနိုင်ငံတွင် ကျန်းမာရေးသိပ္ပံဆိုင်ရာ Health Science Master Program မဟာဘွဲ့များကို ကမ္ဘာ့အဆင့်မီ ရယူနိုင်အောင် STI Myanmar University က မည်ကဲ့သို့ ကူညီပံ့ပိုးပေးနေသည့် အကြောင်းများနှင့် ကျန်းမာရေးသိပ္ပံဆိုင်ရာမဟာဘွဲ့များအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါသည်။
ထို့နောက် STI Myanmar Univeristy ၏ Master of Science in Nutrition and Dietetics programs မှ MSc ( Nutrition & Dietetics) ဘွဲ့ရ ဒေါက်တာဟန်နီစုနိုင်STI Myanmar University တွင် ပညာသင်ကြားခြင်း အတွေ့အကြုံများကို့ပြန်လည်မျှဝေပေးခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။