Dr.Aung Tun Thet Seminar at Mandalay in July

Speakers

Time

2018-07-22

Address

description

           ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏   စာပေဟောပြာပွဲ မန္တလေးမြို့တွင်ကျင်းပခြင်း

STI Myanmar Universityသည် ကျောင်းသားလူငယ်များ  မိမိကိုယ့်ကိုယုံကြည်မူရှိစေရန် ၊ အသိပညာဗဟုသုတများရစေရန်နှင့် စိတ်ဓါတ်ခွန်အားပြည့်ဝစေရန် ရည်ရွည်၍  Public Seminar များ ၊ စာပေဟောပြောပွဲများနှင့် Education Forums များကို STI Myanmar University ရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အစဉ်တစိုက်ပြုလုပ်လျှက်ရှိပါသည်။

၂၀၁၈ ခုနှစ် ဇူလိုင် (၂၂)ရက်နေ့ နေ့လည် ၂ နာရီမှ ၄နာရီအထိ မန္တလေး မြို့ Hilton Mandalay Hotel  တွင် ပါမောက္ခဆရာကြီးဒေါက်တာ အောင်ထွန်းသက်၏ “ခြေလှမ်းသစ်များဖြင့် တောက်ပသော အနာဂတ်ဆီသို့ “ ခေါင်းစဉ်ဖြင့်  စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှာ အီတလီနိုင်ငံ University of Turin , နယ်သာလန်နိုင်ငံ University of Twente.တရုတ်နိုင်ငံ China Leadership Academy တို့တွင်ဧည့်ပါမောက္ခ ၊ British Columbia တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ၊ စီးပွားရေးတက္ကသိုလ်  ဂုဏ်ထူးဆောင်ပါရဂူနှင့်  ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် တို့တွင် အချိန်ပိုင်းပါမောက္ခအဖြစ် တာဝန်ယူထားပြီး စီမံခန့်ခွဲမူစာအုပ်များစွာ ရေးသားခဲ့သော ထင်ရှားသည့် ပညာရှင်တစ်ဦးဖြစ်ပါသည်။

ဆရာကြီး၏ စာပေဟောပြောပွဲသို့ STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း၊ ထိုင်းနိုင်ငံ အာဟာရ ပညာရှင်များအသင်း ဥက္ကဌ Professor Chanida Pachotikarn တို့နှင့်အတူ ပညာရှင်များ ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ ပြီး သိလိုသည်များကိုလည်း အပြန်အလှန်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။