interview with Dr. Nilar aung

Speakers

Time

Address

description

                        MSc ( Nutrition & Dietetics) ဘွဲ့ရ ကျောင်းသူ ဒေါက်တာနီလာအောင်နှင့် တွေ့ဆုံခြင်း

             

 STI  Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK)  တို့ ပူးပေါင်းဖွင့်လှစ်သော  အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့ Master of Science in Nutrition Dietetics ၏ ပထမဆုံးသော ဘွဲ့ရများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ၊ MSc ( Nutrition & Dietetics) ဘွဲ့ရ ကျောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာနီလာအောင်၏ ပညာသင်ကြားခြင်းအတွေ့အကြုံများအကြောင်းကို ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းထားပါသည်။

 

မေး   -  မင်္ဂလာပါဒေါက်တာ။ ဒေါက်တာရဲ့နာမည်​ နဲ့ STI မှာ တက်ရောက်ခဲ့တဲ့ အတန်းနဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။

          ဘာကြောင့် အစားအစာနဲ့  အာဟာရဆိုင်ရာ မဟာဘွဲ့ ( Nutrition & Dietetics ) ကို ယူဖို့ ဆုံးဖြတ်ခဲ့တာလဲ။

 

ဖြေ - မင်္ဂလာပါ။ ကျွန်မနာမည်က ဒေါက်တာ နီလာအောင်ပါ။ MSc ( Nutrition & Dietetics) ဘွဲ့ကို STI Myanmar Universityမှာ (၂) နှစ်သင်ယူခဲ့ပါတယ်။  ဆေးကျောင်းကို ၂၀၀၅ ခုနှစ်မှာ ကျွန်မပြီးခဲ့ပါတယ်။ Nutrition နဲ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျတော့ ကျောင်းတုန်းက subject တစ်ခုအနေနဲ့ပဲ သင်ခဲ့ ဖူးတာ ပေါ့နော်။ ဒါကို specialty လုပ်ပြိး သင်မယ့် ဘွဲ့မျိုး အရင်တုန်းက မရှိခဲ့ ဘူး။ နိုင်ငံခြားအထိသွားသင်ပြီး ယူရင်တော့  ရနိုင်တာပေါ့။ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်  ကျွန်မရဲ့အိမ်နီးချင်းအဖိုးတစ်ယောက် က  ခြေထောက်တွေ ဖောရောင်တဲ့ ရောဂါဖြစ်တယ်။ သူ နိုင်ငံခြားမှာ သွားကုပြီးပြန်လာတဲ့ အခါ Nutrition နဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်သုံးဖို့ သူရရှိတဲ့ education ပေါ့။ အဲ့ ဒါကိုကျွန်မကိုပြောပြတယ် ။   သူကလည်း ဟိုက Nutrition specialist တွေ ညွှန်ကြားတဲ့ အတိုင်းပဲနေထိုင်စားသောက်တော့ မကြာဘူး။ သူဝိတ်လည်းကျ သွားပြီး ခြေထောက်ရောင်တဲ့ ရောဂါလည်း လုံးဝပျောက်ကင်းသွားတယ်။ အဲ့ဒီကတည်းက ကျွန်မက  ဒီဘာသာရပ်ကို စိတ်ဝင်စားခဲ့ မိတယ်။ ဒီလိုနဲ့ပဲ STI Myanmar က  Health Science မဟာဘွဲ့တွေမိတ်ဆက်အချိန် ၊ Nutrition & Dietetics ကလည်း သီးခြားဘွဲ့တစ်ခုအနေနဲ့ပါတာ တွေ့တော့  ကျွန်မရွေးချယ်တက်ရောက်ဖြစ်ခဲ့တာပါ။

 

မေး    - ဆရာဝန်တစ်ယောက်အနေနဲ့ ရော အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရမှာ အဆင်ပြေမူရှိရဲ့လား။

 

 ဖြေ  -  ပြောရရင်တော့ ကျွန်မ Nutrition မဟာဘွဲ့ယူတဲ့ အချိန်မှာ အလုပ်ခဏနားထားတဲ့ အချိန်ဆိုတော့ ကျောင်းတက်ရာမှာ အခက်အခဲရယ်လို့တော့ မ၇ှိပါဘူး။ ဒါပေမဲ့ တခြားဆရာဝန်တွေတော်တော်များများ အလုပ်တစ်ဖက်နဲ့ ဘွဲ့ယူကြတဲ့သူတွေများတဲ့ အတွက် အဆင်ပြေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျောင်းကလည်း ဒီမဟာဘွဲ့သင်တန်းတွေကို အလုပ်လုပ်ရင်း တပြိုင်တည်း သင်ကြားနိုငိအောင် စနေ၊ တနင်္ဂနွေ အတန်းတွေဖွင့်ပြီး သင်ပေးထားတာမို့ အချိန် manage လုပ်ရတဲ့ အပိုင်းကတော့ ပြေလည်ပါတယ်။

 

မေး-  ဒေါက်တာ က ဒီဘာသာရပ်ကို မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ မိတ်မဆက်ခင်ကတည်းက စတင်စိတ်ဝင်စားသူဆိုတော့  တကယ်တမ်း တက်ခွင့်ရတဲ့ အချိန်မှာ   ဒီသင်တန်းကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ယူဆလား။

ဖြေ-        ဟုတ်ကဲ့ ကျွန်မကျောင်းပြီးစတုန်းကဆို ကင်ဆာဆေးရုံမှာ အလုပ်လုပ်တယ်။ အဲ့ဒီတုန်းက ကင်ဆာလူနာတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ သူတို့တွေရဲ့ ရောဂါလက္ခဏာက ပျို့တယ်၊ အန်တယ်၊ အစားသောက်ပျက်တယ်  ၊၀မ်းပျက်တယ် ပေါ့။ ကင်ဆာဆေးတွေသောက်တဲ့အတွက်တဖက်မှာ ရောဂါရဲ့ side effect တွေရှိတယ်ပေါ့။ ကုသရေးနဲ့ ပတ်သက်ရင်တော့ သူတို့က ဆရာဝန်ပြောသမျှ နားထောင်ကြပါတယ်။ အဲ့ဒီမှာ သူတို့ကမေးတယ်ပေါ့နော်။ ဆရာမ ဘာစားရမှာလဲဆိုတော့  ၊ ကိုယ်ကလည်း စားရတယ်။ အကုန်စားဆိုပြီး general ပဲ ပြောလိုက်တယ်။ မစားနဲ့ လို့ ပြောရင်လည်း လူနာ အာဟာရမပြည့်မှာ စိတ်ပူတယ်လေ။ ဒါပေမဲ့ ဒီမှာက သိတဲ့အတိုင်း တဆင့်စကားတဆင့် နားနဲ့ ယုံကြည်ကြတယ်။ faebook မှာဆိုလည်း လူတွေ like လုပ်တာတွေများပြီး sharingလုပ် တာဆို ဟုတ်သည် ၊ မဟုတ်သည်မစဉ်းစားပဲ တန်းယုံကြည်ကြတယ်။ အဲ့ဒါတွေကို ဒီသင်တန်းတက်ပြီးချိန်မှာတော့ ဘာတွေကိုဘယ်လိုစားရမယ် ၊ စနစ်တကျ အာဟာရပြည့်အောင် ဘယ်လိုစားရမလဲဆိုတာလည်း သိလာတော့ လူနာတွေနဲ့ ထိတွေ့ညွှန်ကြားရာမှာ ကို်ယ့်ကိုကိုယ်ပိုပြီး ယုံကြည်မူရှိလာပါတယ်။

 

မေး- ဟုတ်ကဲ့ ၊ STI ကစီစဉ်တဲ့ ဒီမဟာဘွဲ့သင်တန်းမှာသင်ကြားမူအပိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာရဲ့ အတွေ့အကြုံကိုလည်း ပြောပြါပေးပါဦး။

 

ဖြေ-  ခုနက ပြောသလိုပေါ့ ကိုယ့်မြန်မာနိုင်ငံမှာ Nutrition နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ဆရာတွေကနည်းတယ်။ ဒါပေမဲ့  နိုင်ငံခြားမှာ ပညာသင်တဲ့ မြန်မာနိုင်ငံက အာဟာရပညာရှင်ဆရာ ၊ဆရာမကြီးတွေ ၃ ၊၄ ယောက်ရှိပါတယ်။ သူတို့ကလည်း  သူတို့ တတ်သိသမျှ အားလုံး သင်ကြားပေးတယ်။ ပြီးတော့ STI Myanmar University က UK က Bedfordshire University ရယ်၊ ထိုင်းနိုင်ငံ Mehidol Universityနဲ့ အတူလက်တွဲအလုပ်လုပ်တာမို့ အဲ့ ဒီက ဆရာ ၊ဆရာမ တွေကို ဒီကိုလာပြီးသင်ကြားပေးပါတယ်။  ထိုင်းနိုင်ငံမှာဆိုရင် Nutrition & Dietetics ဘာသာရပ်ကို အရမ်းအထူးပြုလေ့လာကြတာများတော့ သူတို့ဆီက ဆရာ ၊ဆရာမတွေက ဒီဘာသာရပ်ကို အရမ်း develop ဖြစ်အောင် လူတွေမြင်အောင် Education Tool တွေကို အရမ်းလုပ်တယ်။ လူတွေမြင်သာအောင် food model လေးတွေ နမူနာ ပုံစံလေးတွေ လုပ်ပြီးပြသတယ်။ ဒီကျောင်းမှာဆိုလည်း ကျွန်မတို့ လုပ်ခဲ့ရတယ်။

 

မေး -  Education tool တွေနဲ့ practice လုပ်တာတွေက  ဒေါက်တာတို့လိုဆရာဝန်တွေ အတွက် အကျိုးဖြစ်ထွန်းမူ ရှိပါသလား။

 

ဖြေ - ရှိတာပေါ့။ ပြောရရင်တော့   လူနာတွေကို ဆေးညွှန်းရင် မြင်သာတယ်။ အစားအစာဆိုတော့ လိုတိုးပိုလျှော့ ဒါမျိုးလေးတွေရှိတယ်။ လူတွေက တနေကုန်ဆိုတော့ အစုံစားကြတယ်  ၊  စားသမျှ ပမာဏကိုလျှော့ချင်တယ်ဆိုရင် ဘယ်လောက်လျှော့ရမလဲဆိုတဲ့ မေးခွန်းအတွက် food model လေးတွေ လိုအပ်တယ်။  ကျွန်မတို့ ထိုင်းနိုင်ငံက ဆေးရုံတွေအထိသွားပြီး training ဆင်းခဲ့ရပါတယ်။ Internship ကိုအဲ့ဒီက ဆေးရုံ (၄) ရုံမှာ ဆင်းခဲ့ရတော့ ဒါတွေ သင်ကြားခဲ့ရတယ်။

 

ဖြေ- ဟုတ်ကဲ့ ။ ဒါဆို internship ကို ထိုင်းနိုင်ငံက ဘယ်ဆေးရုံတွေမှာ သွားလုပ်ရတာလဲ ၊ ပြီးတော့  အလုပ်သင်အဖြစ် ဘာတွေ လေ့လာသင်ယူခဲ့ လဲဆိုတာလည်း ပြောပြပေးပါဦး။

ဆေးရုံ (၄) ရုံပေါ့နော်။ Bumrungrad Hospital ရယ်၊ Bangkok University ရယ်၊ Theptarin လို့ခေါ်တဲ့ Lifestyle change လုပ်တဲ့ hospital ရယ်၊  အစိုးရဆေးရုံဖြစ်တဲ့ Ramathi bodi Hospital ရယ်ပါ။

Nutrition က အရမ်းကိုကျယ်ပြန့်တယ်။ တချို့ဆိုလည်း လေဖြတ်ရောဂါခံစားရသူတွေရှိတယ်။ သူတို့တွေ က အစားကောင်းကောင်းမစားနိုင် ၊ မမြိုနိုင်တဲ့ အခါ သူလိုအပ်တဲ့ အာဟာရ အတွက် လိုအပ်မယ့်ကယ်လိုရီကိုတွက်ချက်ပြီး ကိုယ်ခံအားကောင်းအောင်၊ ကုသမူကို  ထိထိရောက်ရောက်လုပ်နိုင်အောင် အစ်မတို့ကလုပ်ပေးရတယ်။ အဲ့ဒီ internship မှာတော့ လူနာအမျိုးမျိုးကို ကုသရင်းသင်ယူဖြစ်တယ်။  အဓိက ကုသရင်းသင်ယူဖြစ်တယ်။ အဲ့ဒီမှာဆို ဆေးရုံတက်ရတဲ့ လူနာတွေအတွက်အဓိကလုပ်တဲ့ food service လိုအခန်းကြီးက အကြီးကြီးပဲ၊ အရည်သောက်ရမယ့်လူနာလား ၊ အစာပျော့ပဲစားရမယ့်လူနာလားဆိုတာကို တစ်ယောက်ချင်းစီကို တွက်ပြီးတော့ပေးတာ၊ လူနာတွေနဲ့ တွေ့တဲ့အခါ ဒီလူ ဘာရောဂါခံစားနေရလဲ၊ အရပ်ဘယ်လောက်ရှိလဲ  ၊ weight လယ်လောက်ရှိလဲ ၊ ဘာ အာဟာရ စားသုံးသင့်လဲဆိုတာမျိုးတွေ အဲ့ဒါတွေကိုသေချာတွက်ချက်ပေးတာ ၊ ward ထဲမှာ လူနာတစ်ယောက်ကို changes  အမျိုးမျိုးလုပ်ပြီး အစားအစာတွေကို တွက်ချက်ပေးရမယ်ဆို မရှိဘူးဆို (၃) ကြိမ်လောက်တော့ ရှိတယ်။ အဲ့ဒါမျိုးကို မြန်မာ နိုင်ငံမှာ ခုထိမလုပ်နိုင်သေးဘူး။ ကျွန်မတို့က Internကာလမှာ ဒါတွေကို သေချာလေ့လာသင်ယူဖြစ်ပါတယ်။

 

မေး - မြန်မာနိုင်ငံရဲ့ ဆေးရုံတွေမှာ ဒီလိုမျိုး လူနာတွေကို ကုသပေးနိုင်တာ မရှိသေးပေမယ့် ၊ ဒေါက်တာတို့ အနေနဲ့ Nutrition ဘာသာရပ်ကို ဘွဲ့တစ်ခုအနေနဲ့ သေချာ specialty ယူဖြစ်တ့ အခါ ဘယ်လိုအကျိုးကျေးဇူးမျိုးတွေ ရနိုင်ပါသလဲ။

 

ဖြေ       အရင်တုန်းကတော့ ဆရာဝန်တိုင်းကလည်း ဆေးကုသရင် Nutrition အမြဲပြောပေးတယ်။ ဘယ်လို ဘယ်လိုလေး စားလိုက် ၊ စသဖြင့်ပေါ့။ ဆေးခန်းသွားရင် အမာမစားနဲ့ ၊  စသဖြင့် ကင်ဆာဆေးသွင်းနေချိန်လည်း ကြက်ဥမစားရဲတဲ့သူတွေဆို စား ကြက်ဥတော့စား စသည်ဖြင့် အကြမ်းဖျဉ်းးလောက်ပဲ  ပြောနိုင်တာပေါ့။ ဆရာဝန်ကြီးတွေ က ဆေးလည်းကုရမယ် ၊ ဒါကိုလည်း ရှင်းရမယ်ဆိုရင် အဆင်မပြေဘူးလေ  ဒါကြောင့် အစ်မတို့က ဘေးကနေ supportive အနေနဲ့ သူတို့ကို အချိန်ပေးပြီး သေချာရှင်းပြပေးတာပေါ့ ၊ ကျွန်မတို့ လူနာတစ်ယောက်ကိုကြည့်ရင် တစ်နာရီ ၊ လေးဆယ့်ငါးမိနစ်လောက်တော့ details လေးတွေ ပြောဖြစ်တာပေါ့။ တကယ်တမ်း ဘယ်သူမဆို မွေးကတည်းကနေ သေတဲ့ အချိန်ထိ Nutrition ကလိုတယ် ။ မွေးကတည်းက နို့သောက်ပြီး ကြီးပြင်းလာချိန်  (၆) လလောက်ဆို ဖြည့်စွက်စာ စားရတော့မယ်။ ကိုယ့်ရဲ့ နိုင်ငံ ၊ ကိုယ့်ရဲ့ ၀န်းကျင်မှာ သိနားလည်တဲ့ ဆရာဝန်တွေရှိနေတော့ ကောင်းတာပေါ့၊ အဲ့ဒီဆေးရုံတွေမှာ လာပြတဲ့ လူနာတွေအနေနဲ့ risk ရှိတယ်ဆို လိုအပ်ရင် Nutrition Specialists  တွေကိုလွဲပေးတော့ အနာနဲ့ ဆေး တည့်တယ် ၊ အဲ့လိုပြောရမယ်။ အစ်မတို့ နိုင်ငံမှာလည်း Nutrition နဲ့ ပတ်သက်ပြီး အများကြီး တစ်ဦးချင်းဆီအနေနဲ့ ရော ၊ အဖွဲ့ အစည်းတွေ အနေနဲ့ ရော သိရှိဖို့ ပိုပြီး လိုအပ်နေသေးတာပေါ့။

 

မေး- STI Myanmar University မှာ Msc ( Nutrition & Dietetics) ဘွဲ့ ရ ဆရာဝန်တစ်ဦးအနေနဲ့  မြန်မာနိုင်ငံမှာ ဒီထက်မက Nutrition ပညာရပ်ကျယ်ကျယ်ပြန့်ပြန့် အသိပညာရဖို့ ဘယ်လို အကြံဥာဏ်ကောင်းတွေ ပေးချင်လဲ။

 

ဖြေ -  အဓိက ကတော့ ဆရာဝန်တွေ ၊ ဆေးပညာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကို Nutrition ပဲဖြစ်ဖြစ် ၊ Public Health ပဲ ဖြစ်ဖြစ် ကိုယ့်ရင်ထဲက ရည်ရွည်ချက် နဲ့ လေ့လာစေချင်တယ်။ ပြီးတော့  ၀ါသနာပါဖို့ပဲအရေးကြီးတယ်။  ကျွန်မတစ်ယောက်တည်း အနေနဲ့ ပြောရရင် ဘွဲ့ ရပြီးရင်လည်း နောက်ထပ် Specialty တစ်ခုခုတော့ ထပ်ယူချင်တယ်ပေါ့နော်။  အဲ့ဒီမှာ အစ်မတို့ကတော့ Medical Knowledge ကိုပိုပြီးရှိချင်တယ်။ ကိုယ်ကုသမယ့်လူနာရဲ့ ရောဂါနဲ့ ပတ်သက်ပြီး နောက်ခံ background ရော ၊ ရောဂါနဲ့ပတ်သက်တာရော အားလုံး ချိတ်ဆက်သမျှ ပိုသိချင်တယ်။ ဥပမာ - ကျောက်ကပ်ဆေးနေရတဲ့ လူနာတစ်ယောက်ကို ကိုယ်က မသိပဲ ပိန်လို့ ဆိုပြီး အသားအများကြီးသွားကျွေးမိတာမျိုးဆို သူအဆင်ပြေပါ့မလား ၊ ဒီလိုမျိုးပဲတကယ်လိုအပ်တဲ့ အာဟာရကဘာလဲ  သူ့မူလဇစ်မြစ် ရောဂါအခြေအနေကရောဘာလဲ ကိုယ်ရဲ့ ကုသပိုင်းမှာမှ ထပ်ပြီး  Nutrition နဲ့ ပတ်သက်သမျှလေ့လာ တာကို ပြောပြနိုင်ရင် ပိုပြီး အကျိုးရှိမယ်လေ။ လူနာအတွက်သာမက ၊ လူနာမဟုတ်ပဲ လူကောင်းတစ်ယောက် ရောဂါမဖြစ်ပေမယ့် အစာအစာကို ဘယ်လို အာဟာရ မျှတအောင် စားမလဲဆိုတာမျိုး  တစ်ဦးချင်းဆီကို apply လုပ်ပေးနိုငိိရင် အရမ်းကိုကောင်းတာပေါ့ ။ 

 

မေး- ဟုတ်ကဲ့ပါဒေါက်တာ ၊ နောက်ဆုံးအနေနဲ့  STI ကိုရော ဘာများပြောချင်သေးလဲ။

 

ဖြေ- တကယ်တော့ ကျွန်မတို့ ဆရာဝန်တိုင်းလိုလို နောက်ထပ်မဟာဘွဲ့ တစ်ဘွဲ့ကို    Specialty  လုပ်ပြီး ယူချင်ကြပါတယ်။ အရင်ကတော့ တော်တော်များများက နိုင်ငံခြားမှာ ဘွဲ့ယူကြတဲ့ သူတွေများတယ်။ (၂) နှစ်လောက် တက်ပြီး ပြန် apply မလုပ်ဖြစ်တဲ့ မဟာဘွဲတွေဆို အဆင်မပြေကြဘူးပေါ့။ အခုတော့ STI Myanmar University က   Nutrition  အတန်းကို မဟာဘွဲ့တွေယူလို့ရအောင် ဒီနိုင်ငံမှာပဲ အလုပ်အကိုင်မပျက် ၊ အဆင်ပြေပြေ တက်ရောက်ခွင့်ရအောင် စီစဉ်ပေးလို့ ကျေးဇူးတင်ပါတယ်။ လာသင်ပေးတဲ့ ဆရာတွေကလည်း နိုင်ငံခြားတက္ကသိုလ်က ဆရာ တွေ ၊ ပညာရှင်တွေ ပြီးတော့  Internship  ဆင်းတဲ့ နေရာကလည်း  Nutrition ကို သေချာ အထူးပြု ပြီးလုပ်တဲ့ ဆေးရုံတွေမှာဆိုတော့ ပြောစရာတောင်မလိုပါဘူး။   Nutrition ပညာရပ်ကို လူနာအတွက်ရော ၊ လူကောင်းအတွက်ပါ အသုံးချခွင့်ရတဲ့ အတွက် ရော၊ နိုင်ငံတကာအဆင့်မီတဲ့ မဟာဘွဲ့ကို ကိုယ့်နိုင်ငံမှာ ရယူနိုင်တဲ့ အတွက်ရော STI ကို ကျေးဇူးပါလို့ပဲ ပြောချင်ပါတယ်၊