Fresher Welcome in September

Speakers

Time

2018-09-26

Address

description

­      STI Myanmar University BBA နှင့် BE ကျောင်းသား ၊ ကျောင်းသူများ၏ fresher welcome ကျင်းပခြင်း

                         STI Myanmar University ၏   BA ( Hons) Business  Administration / Accounting and BEng ( Hons)  Engineering new intakes တွင်တက်ရောက်မည့် လန်းဆန်းတက်ကြွနေသော ကျောင်းသား၊ ကျောင်းသူ သစ်ကလေးများကို ကြိုဆိုသည့် Fresher welcome ပွဲကို  26.9.2018 (ဗုဒ္ဓဟူးနေ့) တွင် မနက် (၉) နာရီမှ ညနေ (၂) နာရီအထိ  MICT park အတွင်းရှိ STI Myanmar University တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

                    ထိုအခမ်းအနားတွင်  STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ STI Myanmar University ၏  Engineering ဌာနမှ Assistant Lecturer  ဆရာဇော်ကိုကိုမှ STI Myanmar University ၏ Engineering နှင့် Business ဌာနမှ ဆရာ၊ ဆရာမများ ကိုယ်စား မုဒိတာစကားပြောကြားခြင်း နှင့် အတူ STI Myanmar University ၏ Student Council Chairman မောင်ဖြိုးမောင်ဟိန်းမှ စီနီယာကျောင်းသား၊ကျောင်းသူများကိုယ်စား မိတ်ဆက်အမှာစကားများ  ပြောကြားခဲ့ပါသည်။ ထို့နောက်  STI Myanmar University ကျောင်းသား၊ ကျောင်းသူများ မှ မေဂျာအလိုက် Kings and Queens များရွေးချယ်ရာတွင် BE မေဂျာမှ King and Queen အဖြစ်   မောင်ဝန်းရုံနှင့် မနန်းရှမ်တစ်တို့ကလည်းကောင်း BBA မေဂျာမှ King and Queen အဖြစ်  မောင်ခန့်သူအောင်နှင့် မဆုသက်အောင်တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။ ဆက်လက်၍ STI ကျောင်းသား  ကျောင်းသူများက တေးသီချင်းများ၊  အကများနှင့် သီဆိုဖျော်ဖြေခြင်း ၊ ဂိမ်းကစားခြင်း၊ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းတို့ဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြောင်း သိရှိရပါသည်။