STI Myanmar University မှ ( HMA) Conference သို့တက်ရောက်ခြင်း

description

        STI Myanmar University မှ Hospital Management Asia ( HMA) Conference သို့တက်ရောက်ခြင်း

 

                   STI Myanmar University သည် အင်္ဂလန်နိုင်ငံမှ Queens Award ရရှိထားသည့် University of Bedfordshire တက္ကသိုလ် နှင့်ပူးပေါင်း၍  ကမ္ဘာ့အဆင့်မီ  MBA (Hospital and Health Services Management) မဟာဘွဲ့သင်တန်းကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ထိုသင်တန်းမှ MBA  ကျောင်းသားကျောင်းသူ  ၁၄ဦးနှင့်   Dean of the faculty of Health Science  ဒေါက်တာ ဦးသန်းမြင့်တို့သည် STI Myanmar University ၏ အစီအစဉ်ဖြင့်  ၂၀၁၈ခုနှစ် စက်တင်ဘာ ၁၃ နှင့် ၁၄ရက်နေ့များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central  World ရှိ Cantera Grand တွင်ကျင်းပခဲ့ သော   Hospital Management Asia  (HMA) Conference သို့  တက်ရောက်ခဲ့ပါသည်။ ယင်း Conferenceသည် ဆေးရုံ ၊ ဆေးခန်းများ ၊  ကျန်းမာရေးဝန်ဆောင်မူလုပ်ငန်းများနှင့် သက်ဆိုင်သော ဆရာဝန်များ၊ ပညာရှင်များ နှင့် လေ့လာသင်ယူသူများအတွက် အရေးပါသည့် နှစ်ပတ်လည် ညီလာခံဖြစ်ပြီး နှစ်စဉ်ကျင်းပခဲ့ ရာ ၁၇ကြိမ်မြောက် ဖြစ်သော ယခုနှစ်တွင် လူပေါင်း ၁၃၀၀ ခန့်တက်ရောက်ခဲ့ပါသည်။

                         HMA Conference သည် အာရှနိုင်ငံများအတွင်း Hospital Management နှင့် ပတ်သက်ပြီး ကိုယ်တိုင် သင်ယူလေ့လာနိုင်ရန်၊ ကမ္ဘာ့အဆင့်မီ ကျန်းမာရေး ၀န်ဆောင်မူများ၊ စီမံခန့်ခွဲမှူလုပ်ငန်းများနှင့် ချိတ်ဆက် ဆက်သွယ်နိုင်ရန် ၊ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုများ  စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။    

                              ယင်း Conference သို့    နိုင်ငံတကာမှ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များ၊ C-level executives  များ ၊ ကမ္ဘာအရပ်ရပ်မှကျွမ်းကျင်ထိပ်တန်းဆရာဝန်ကြီးများ၊  ကျန်းမာရေးစောင့်ရှောက်မူ ပညာရှင်များ  တက်ရောက်ခဲ့ကြ ပါသည်။