STI Myanmar University မိသားစု ဆီမီးတစ်ထောင်ပူဇော်ပွဲ

Speakers

Time

16-10-2018

Address

ရွှေတိဂုံဘုရား၊ တနင်္ဂနွေထောင့်<br>

description

STI Myanmar University မိသားစု ဆီမီးတစ်ထောင်ပူဇော်ပွဲ မိုးနှောင်းနိဂုံးအဆုံး ဆောင်းဦးနိဒါန်းအစဖြစ်သောယခုလို အချိန်အခါတွင် တာဝတိံသာ နတ်ပြည်မှ အဘိဓမ္မာ တရားတော် ဟောကြားပြီး လူ့ပြည်သို့ ပြန်ဆင်းလာသော ဗုဒ္ဓမြတ်စွာဘုရားအား ကြိုဆိုသော အားဖြင့် ပန်း၊ဆီမီးတို့ဖြင့် ပူဇော်လေ့ရှိသော မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း သီတင်းကျွတ်ပွဲတော်ကို မကြာမီ ဆင်နွဲကြတော့မည်ဖြစ်သည်။ STI Myanmar University သည်လည်း အခါကြီးရက်ကြီးဖြစ်သော သီတင်းကျွတ်အခါသမယကို ကြိုဆိုသောအားဖြင့် ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၆ရက်နေ့ ညနေငါးနာရီမှ ရှစ်နာရီအထိ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့် ရင်ပြင်ပေါ်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပခဲ့ပါ သည်။ ထိုပွဲသို့ STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း၊ Executive Director ဒေါက်တာ မျိုးမျိုးနိုင်၊ STI Myanamr University မှ ဆရာ ၊ဆရာမများ နှင့် ကျောင်းသူကျောင်းသား များနှင့် ၀န်ထမ်း များ က နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ပြီး ပဌာန်းတရားတော်များ ရွတ်ဖတ်၍ ကိုယ်တိုင်ကိုယ်ကျ ဆီမီးပူဇော်ပြီး ကုသိုလ်ပါဝင်ယူခဲ့ကြောင်းသိရှိရပါသည်။