UOB ၏ Course Coordinator STIMU သို့လာရောက်ခြင်း

description

UOB ၏ Course Coordinator STIMU သို့လာရောက်ခြင်း STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သည့် University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး ဘွဲ့ ကြို ဘွဲ့လွန် သင်တန်းများကို ပြည်တွင်းမှာပင် သင်ကြားပို့ချ လျှက်ရှိရာ အရည်အသွေးပြည့်ဝမှု ၊ အာမခံချက် အပြည့်အ၀ရစေရန် UOB မှ တာဝန်ရှိသည့် ဘာသာရပ်ဆိုင်ရာ Course Coordinator များ မကြာခဏလာရောက်၍ သင်ကြားမှုဆိုင်ရာ ဆရာ/ ဆရာမများ ၊ကျောင်းသူ/သားများနှင့် စီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိပါသည်။ ယင်းသို့ လုပ်ဆောင်ရခြင်း မှာ သင်ကြားမှုအရည်အသွေး စံချိန်/စံနှုန်း ပြည့်မီရေး ၊ လေ့လာ သင်ယူမှုအတွေ့အကြုံများ၊ အရည်အသွေးပြည့်ဝရေး ၊ ပြည်တွင်းရှိ ကျောင်းသူ/သားများ၏ သင်ကြားမှု အတွေ့အကြုံများ ကို နိုင်ငံတကာ တက္ကသိုလ် ကျောင်းသားများနည်းတူ အပြည့်အ၀ရရှိခံ စားနိုင်ရေးတို့အတွ က် ရေရှည်ထိန်းသိမ်းမြှင့်တင်ရ န် ဖြစ်ပါသည်။ ယင်းအစီအစဉ်ထဲမှ တစ်ခုအဖြစ် UOB မှ BA ( Hons) Accounting Program ၏ Course Coordinator Dr. Vikram Finavker, PhD, MSc, FHEA,Senior Lecturer in Accounting and Finance သည် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၁) ရက်နေ့ နှင့် (၁၂ )ရက်နေ့တွင် လှိုင်မြို့နယ် MICT park အတွင်းရှိ STI Myanmar University သို့ လာရောက်၍ STIMU ၏ Board of Directors များ၊ ဆရာ ၊ ဆရာမများ ၊ Accounting မေဂျာအထူးပြု တက်ရောက်နေသော နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့် လည်း တွေ့ဆုံကာ BA (Hons) Accounting Program နှင့် ပတ်သက်သည့် ပညာရပ်ပိုင်းဆိုင်ရာနှင့် အရည်အသွေးပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြသည်။ Dr.Vikram Finaker သည် STI Myanmar University ၏ MICT park Campus နှင့် ရွှေဘုံသာ Campus များသို့ သွားရောက်၍ STI မှ သင်ကြားလျက်ရှိသော သင်တန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး Business ကျောင်းသား ၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံကာ STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသော BA ( Hons) Accounting Program ၏ နိုင်ငံတကာ အဆင့်မီသင်ကြားမှု ၊ သင်ယူမှုဆိုင်ရာ အရည်အသွေး စံချိန် စံနှုန်းများနှင့် လိုက်နာရမည့် အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။