Final Year Business ကျောင်းသားကျောင်းသူများ၏ Internship Experience Sharing Session

description

    Final Year Business ကျောင်းသားကျောင်းသူများ၏ Internship Experience Sharing Session

                        STI Myanmar University ၏ မိတ်ဖက် တက္ကသိုလ်များဖြစ်သော   University of  Bedfordshire နှင့် The Opening University of Hong Kong   တို့ပူးပေါင်းဖွင့်လှစ်သော  Final Year  BA (Hons) Business နှင့်  BA ( Hons) Accounting  ( UOB) နှင့် Final year BBA in Management ( OUHK)  မေဂျာများမှ ကျောင်းသား ၊ ကျောင်းသူ ( ၂၉) ဦးသည် STI Myanmar University ၏ စီစဉ်ပေးမူအရ  Yangon Stock Exchange ၊ MOB Bank ၊ AYA Bank ၊  Loi Hein Co.Ltd ၊ Capital Star Co.Ltd ၊ First National Insurance Company ၊  Blue Operating Management Co.Ltd  နှင့် STI Myanmar University တို့တွင် အလုပ်သင်ဝန်ထမ်းများအဖြစ်  နှစ်လတာမျှ ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါသည်။ အဆိုပါ ကျောင်းသား ၊ ကျောင်းသူ များသည် မိမိတို့၏  သင်ယူလေ့လာခဲ့သည့်  လုပ်ငန်းခွင်အတွေအကြုံများကို  လက်ဆင့်ကမ်းမျှ ဝေပေးသည့် Internship   Experience Sharing Session ကို ၂၀၁၈ခုနှစ်  အောက်တိုဘာ ( ၁၈) ရက်နေ့  မနက် (၁၀ )နာရီမှ နေ့လည် (၁၂)နာရီခွဲအထိ  MICT Park အတွင်းရှိ STI Myanmar University တွင် ကျင်းပခဲ့ပါသည်။                              ယင်းအခမ်းအနားတွင်  STI Myanmar University ၏ Executive  Director  ဒေါက်တာ မျိုးမျိုးနိုင်မှ  မိမိတို့ ကျောင်းသား၊ ကျောင်းသူများအတွက်  လက်တွေ့အတွေ့အကြုံများ  ရရှိအောင် နှစ်စဉ် internship အစီအစဉ်များ ပေးခဲ့ ပါကြောင်း ၊  လက်ခံပေးသည့်ကုမ္ပဏီများကို လည်း  အထူးပင် ကျေးဇူးတင်ရှိပါကြောင်း   ၊ နောင်တွင်လည်း    ယခုကဲ့သို့ အစီအစဉ်များကို   ဆက်လက်     ပြုလုပ်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။ ထို့နောက်  ကျောင်းသား  ကျောင်းသူ  များမှ  Presentation Group   များဖွဲ့၍ တစ်ဦးချင်း အနေနှင့်သော်  လည်းကောင်း၊အဖွဲ့လိုက် အနေနှင့် သော်လည်းကောင်း မိမိတို့ အလုပ်သင် အဖြစ်တာဝန်ထမ်းဆောင်ရသည့် ကုမ္ပဏီများ၏  လုပ်ငန်း ဆောင်ရွက်မှုများနှင့် မိမိတို့၏ အတွေ့ အကြုံများ   ကို Power Point များဖြင့်  ရှင်းလင်းပြောကြားခဲ့ ပါသည်။  ကျောင်းသား ၊ ကျောင်သူများက  ယခုကဲ့သို့ကုမ္ပဏီ ကြီးများတွင် အလုပ်သင်အဖြစ်  ၀င်ရောက်  လေ့လာခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှူ ပိုရှိလာသလို ၊ အသင်းအဖွဲနှင့်လည်း အလုပ်လုပ်လာတတ်ပြီး   Comminution skill များလည်း  ပိုမို ကောင်းမွန်လာကြောင်း မိမိတို့၏ အတွေ့အကြုံများကို  မျှဝေ၍  ကျေးဇူးတင်စကားများ  ပြောကြားခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာ  ကုမ္ပဏီ အသီးသီးမှ မန်နေဂျာများမှလည်း  ကျောင်းသားများ ၏အတွေ့အကြုံများနှင့်  သင်ယူလေ့လာမှုများအပေါ်  အကြံပေး ဆွေးနွေးမှုများ နှင့်  အသိအမှတ်ပြု  ချီကျုးစကားများကို လည်းအသီးသီး ပြောကြားခဲ့ပါသည်။ ထို့ ကြောင့်  STI Myanmar University  ၏  Consultant ဆရာမကြီးဒေါ်လှကြူမှလည်း မုဒိတာ စကားပြောကြားခဲ့ ပြီး  ကျောင်းသား ၊ ကျောင်းသူများ ကို Awarding Internship Certificate များလည်း ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို  အောင်မြင်စွာ  ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။