STI Myanmar University ၏ “Lighting Festival in 2018” ကျင်းပခြင်း

description

STI Myanmar University ၏ “Lighting Festival in 2018” ကျင်းပခြင်း

STI Myanmar Universityသည် ရိုးရာပွဲတော်များနှင့် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများတွင် ကျောင်းသား /သူများ  ပျော်ရွှင်စွာ ဆင်နွဲနိုင်ရန် နှစ်စဉ်ကျင်းပလျက်ရှိရာ  မကြာခင်ကျရောက်တော့မည့် သီတင်းကျွတ်အခါသမယကို ကြိုဆိုသော အားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော် ( Lighting Festival ) ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ ညနေ(၅) နာရီမှ (၈)နာရီခွဲအထိ  STIMU ရှိရာ MICTpark ၀န်းအတွင်း  ကျင်းပခဲ့ပါသည်။ ထိုပွဲတွင်  အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေငြာပြီးသည်နှင့် STI Myanmar University ၏ Executive Director ဒေါက်တာမျိုးမျိုးနိုင်မှ  အဖွင့်အမှာစကားပြောကြားခဲ့ ပြီး Student Council  Discipline Chairman  မောင်ဖြိုးမောင်ဟိန်းမှ  Lighting Festival ပွဲတော်ကို ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း  ပြောကြားခဲ့  ပါသည်။ ထို့နောက် လူငယ်တေးသံရှင်များဖြစ်ကြသော ၀ိုင်းလေး၊ အမရာဖုန်း ၊Team 143 နှင့် Young Beatz တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြပြီး ၊  ကျောင်းသား / သူ များကလည်း  Fun games များတွင် ပျော်ရွှင်စွာပါဝင်ဆော့ကစားခဲ့ကြသည်။  ထို့အပြင် STI Myanmar University ၏ Activities Club များဖြစ်သော Reading Club   , Dancing Club နှင့် သက်ဆိုင်ရာ မေဂျာများမှ ကျောင်းသား/ သူ များကလည်း အအေးနှင့် မုန့်များရောင်းချခြင်း ၊ သီတင်းကျွတ်အငွေ့အသက်ကို ခံစားနိုင်စေရန်  လှပစွာပြင်ဆင်ထားသော မီးပုန်းများ ၊ မီးပန်းများ ၊  photo booth များ ဓါတ်ပုံများရိုက်ခြင်းတို့ဖြင့် အခမ်းအနားကို ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။