STIMU Engineering Major Internship certificate Awarding Ceremony

description

         STIMU  Engineering  Major  Internship certificate Awarding Ceremony

                      STI Myanmar University နှင့် Myanmar Construction Entrepreneurs Association( MCEA)    တို့မှ ကြီးမှူးပြီး Engineering Civil နှင့် Architecture မေဂျာများမှ နောက်ဆုံးနှစ်တက်ရောက်ကြ မည့် ကျောင်းသား/ သူ (၂၂) ဦးကို လုပ်ငန်းခွင်သို့ မ၀င်ရောက်ခင် သက်ဆိုင်ရာ ဘာသာရပ်များကို  ပြင်ပနှင့် လက်တွေ့ဆက်စပ်မှု ရှိစေရန် ၊   ကျွမ်းကျင်တတ်မြောက်မှုရှိစေရန်ရည်ရွည်၍ ဆောက်လုပ်ရေးကုမ္ပဏီကြီး များတွင် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်စေခဲ့ပါသည်။

                     ယင်းကုမ္ပဏီကြီးများမှာ  M.K.T Construction Co.Ltd , Dynamic Engineering  and General Trading Co.Ltd , Mya Nan Dar Construction Co.Ltd , Naing Group  Construction Co.Ltd တို့ဖြစ်ကြပြီး  အောက်တိုဘာ (၉)ရက်နေ့မှ  နိုဝင်ဘာ(၉)ရက်နေ့အထိ တစ်လတိုင်တိုင်  Internship Program  အဖြစ် လုပ်ငန်းခွင်များသို့  သွားရောက်လေ့လာခဲ့ကြပါသည်။ ထိုကဲ့သို့ Internship Program ကို ပြီးမြောက်အောင်  ၀ိုင်းဝန်းကူညီခဲ့ကြသော  Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှလက်တွေ့သို့လေ့လာသင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificated များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို  ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၇)ရက်နေ့ တွင် MICT Part အတွင်းရှိ STIMU Campus ပထမထပ်ရှိ အခန်း (၁၀၈) တွင် မနက် (၁၀) နာရီမှ (၁၂) နာရီအထိ  ကျင်းပခဲ့ပါ သည်။

           ထိုအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး Myanmar Construction Entrepreneurs Association( MCEA) ၏ CEO ဦးဝင်းဌေးနှင့် Mya Nan Dar Construction Co.Ltd မှ Managing Director ဦးအေးလင်းတို့ မှလည်း   Internship ဆင်းကြသော ကျောင်းသား/သူများအား မုဒိတာ စကားများပြောကြားခဲ့ပြီး   Internship Awarding  Certificate များကိုလည်း ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် STIMU၏ Consultant ဆရာမ ကြီး    ဒေါ်လှကြူက နှစ်စဉ် STIMU မှ Internship စီစဉ်ဆောင်ရွက်ပေးမှု မှတ်တမ်းများအား   တင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့သလို  STIMU ၏ ကျောင်းသား မောင်ကျော်မင်းထက်အောင်မှ  လည်း ကျောင်းသား/သူများ ကိုယ်စား ယခုကဲ့သို့ Internship Program စီစဉ် ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် STI Myanmar University မှ Internship program ပြီးဆုံးသည်အထိကူညီဆောင်ရွက်ပေးသော ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံလူကြီးမင်းများ အား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။