STI MU ၏ MBA (Hospital & Health Services Management) သင်တန်းသူ/သားများထိုင်းနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ သွားရောက်ခြင်း

Speakers

Time

2018-11-12

Address

description

                     STI MU ၏ MBA (Hospital & Health Services Management) သင်တန်းသူ/သားများ

                                             ထိုင်းနိုင်ငံသို့  အလုပ်ရုံဆွေးနွေးပွဲ သွားရောက်ခြင်း

 

                      STI Myanmar University သည် အင်္ဂလန်နိုင်ငံမှ Queens Award ရရှိထားသည့် University of Bedfordshire တက္ကသိုလ် နှင့်ပူးပေါင်း၍  ကမ္ဘာ့အဆင့်မီ  သင်တန်းများဖြစ်သော MBA (general) နှင့် MBA (Hospital and Health Services Management) မဟာဘွဲ့သင်တန်းများကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။  ထိုသင်တန်းမှ  သင်တန်းသား/သူ  (၈)ဦးတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့                 Bangpakok 9 International    Hospital  ဆေးရုံတွင် အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာ (၂)ရက်နေ့အထိ ဆေးရုံ၏ အုပ်ချုပ်မှုပညာရပ်များကို  လက်တွေ့လေ့လာခဲ့ကြပါသည်။  ထိုသင်တန်းတွင် Bangpakok 9 International Hospital ၏  Managing  Director Dr. Surachate Soophanich က အဖွင့် အမှာစကားပြောကြားခဲ့ ပါသည်။ သင်တန်းသားများသည်  ထိုဆေးရုံ၏ “ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၏ Management system” များ၊ “တိုးတက်ဖွံဖြိုးရေးနှင့် စံချိန်မီ လုပ်ထုံးလုပ်နည်းများကို ချမှတ်ခြင်း” ၊ “ဆေးဝါးစီမံခန့်ခွဲမှု ဆောင်ရွက်မှုလုပ်ငန်းစဉ်များ” ၊    “လူ့စွမ်းအား အရင်းအမြစ်  လေ့ကျင့်  ပျိုးထောင်ရေှးနှင့် တိုးတက်ဖွံ ဖြိုးရေး”  ၊ “လူနာ လွဲပြောင်း လက်ခံထားရှိသော စနစ်များ”  စသည်တို့ကို  Management Level တွင် မည်သို့ ဆောင်ရွက်နေသည်ကို လက်တွေ့လေ့လာခဲ့ကြသည့် အပြင် အုပ်စုများခွဲ၍ conference ပုံစံမျိုးဖြင့် အမေးအဖြေများလုပ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ ကြပါသည်။ ထိုဆေးရုံတွင်ရှိသော facilities နှင့် Work flow များကိုလည်း လေ့လာခဲ့သည့် အပြင် Hospital Tour အနေဖြင့်လည်း Piyavate International Hospital ကိုလည်း သွားရောက်လေ့လာခဲ့ကြပြီး ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား  ကွဲပြားခြားနားမှူများကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ ကြ ကြောင်း သိရှိရပါသည်။