STIMU ၏ MSc (Nutrition & Dietetics) ကျောင်းသား/သူများ စက်ရုံအလုပ်ရုံများသို့ကွင်းဆင်းလေ့လာခြင်း

description

 

                          

                       STIMU ၏ MSc (Nutrition & Dietetics) ကျောင်းသား/သူများ စက်ရုံအလုပ်ရုံများသို့

                                                             ကွင်းဆင်းလေ့လာခြင်း

 

                    STI  Myanmar University နှင့် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော University of Bedfordshire ( UK)  ၏ ကမ္ဘာ့အဆင့်မီ  သင်ကြားပို့ချနေသော အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့   Master of Science in Nutrition Dietetics  MSc ( Nutrition & Dietetics)  သင်တန်းမှ သင်တန်းသား/သူ ၁၇ ဦးသည်  ပြည်သူလူထုများ၏ဘ၀တွင် ရောဂါကင်းရှင်းပြီး ကျန်းမာပြည့်စုံမှူများရှိစေရန်  အာဟာရပြည့်ဝသော အစားအသောက်များအတွက် ထောက်ပံ့ကူညီမူများ  ပေးနေသော စက်ရုံ ၊အလုပ်ရုံများသို့  ကိုယ်တိုင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

                          ၂၀၁၈ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ မနက် (၉) နာရီခန့်တွင် သင်တန်းသား/ သူများသည် MICT park အတွင်းရှိ STI Myanmar University တွင် စုဝေးရောက်ရှိလာကြပြီး  အာဟာရပညာရှင် ဒေါ်သဲမာထွန်းသိန်း၏  ရှင်းပြညွှန်ကြားမှုနှင့် အတူ  “မြ” အားဖြည့်ဆန်  ထုတ်လုပ်ရာ  လှိုင်သာယာ မြို့နယ်ရှိ  ရွှေလ၀န်းဆန်စက်သို့ သွားရောက် လေ့လာခဲ့ ကြပါသည်။   ထိုသို့လေ့လာရာတွင်  သင်တန်းသား/သူများကို အားဖြည်ဆန်ကို   မည်ကဲ့သို့  ပြုလုပ်ပုံ ၊    ရိုးရိုးဆန်ထဲသို့   fortified rice ကိုအချိုးအစားဘယ်လောက်ထည့်ရပုံ၊ အားဖြည့်ဆန်ထုတ်လုပ်သည့် စက်ပစ္စည်းများ နှင့်  အရည်အသွေး ပြည့်မပြည့်ပြန် စစ်ဆေးပုံများကို တာဝန်ရှိသူ ဒေါ်မို့မို့ဇင်က အသေးစိတ် ရှင်းလင်းပြသခဲ့ပါသည်။  STI သင်တန်းသား / သူ များသည် ကျန်းမာရေးအတွက် အားဖြည့်ဆန်အရေး ပါပုံကိုနားလည်သိရှိခဲ့သလို မြ အားဖြည့်ဆန် လုပ်ငန်းများမှလည်း  STI သင်တန်းသား/ သူများအား  အားဖြည့်ဆန်များ လက်ဆောင် အဖြစ်လည်း ပေးအပ်ခဲ့ပါသည်။  ဆက်လက်၍  သင်တန်းသား/ သူများသည် အရှေ့ဒဂုံ စက်မူဇုံရှိ  မြေမဲ့ သဘာဝကျကျစိုက်ပျိုးသည့် “Uni-vege Hydrophonic plant factory” သို့  လည်း သွားရောက်ခဲ့ပါသည် ။  ထိုလုပ်ငန်းတွင် ဂျပန်နည်းပညာဖြင့် ပိုးသတ်ဆေးလုံးဝမပါပဲ သဘာဝနည်းပညာတစ်ခုတည်းဖြင့် ရက်သားမှလသားအထိ အဆင့်ဆင့်  စိုက်ပျိုးထားသော  သီးပင် စားပင်ငယ်လေးများကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့လေ့လာခြင်းဖြင့် သင်တန်းသား/ သူများသည် လူသားတိုင်းအတွက်  ကျန်းမာပြည့်စုံသော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်စေရန်  မှန်ကန်သင့်လျော် သောညွှန်ကြားချက်များ ၊ တိကျကောင်းမွန်သော အကြံပေးမှုများကို မိမိတို့ဘက်မှ  ယုံကြည်မှု ရှိစွာပြုလုပ်နိုင်မည်ဖြစ်ပြီး  လူမှုပတ်ဝန်းကျင် ကို အမှန်တကယ်အကျိုးပြုနေသော လုပ်ငန်းများသို့ကိုယ်တိုင်ကိုယ်ကျလေ့ လာခဲ့ခြင်းဖြင့် ဗဟုသုတ များစွာရရှိခဲ့ကြောင်း သိရှိရပါသည်။