၁၂ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား

Speakers

Time

2018-12-16

Address

description

             ၁၂ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား

 

                       STI Myanmar University ၏ ၁၂ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်နေ့ တွင် ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ  Pullman Hotel Yangon တွင်  ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင်  ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် အခမ်းအနားကိုစတင်ခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး STIMU နှင့် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံ Uniersity of Bedfordshire  မှ Vice Chancellor Mr.Bill Rammell မှလည်း ဂုဏ်ပြု နှုတ်ခွန်းဆက်စကား  ပြောကြားခဲ့ပါသည်။ ထို့နောက် MBA, MSc ( Nutrition & Dietetics) MSc (Public Health) မဟာဘွဲ့များ , BA (Hons ) နှင့် BBA in Management ဘွဲ့များ၊ Advanced Diploma, Diploma နှင့် Foundation Business သင်တန်း အသီးသီးမှ ထူးချန်ဆုရရှိသူများနှင့် ဘွဲရသူများအား နံနက်ပိုင်းတွင် အောင်လက်မှတ်နှင့် ဆုများချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် အထူးဧည့်သည်တော်အဖြစ် ထိုင်းနိုင်ငံမဟိဒေါတက္ကသိုလ် အစာအာဟာရ ပညာဌာန၏ အကြံပေးအဖွဲ့ဝင်၊ ထိုင်းနိုင်ငံ  အစာအာဟာရပညာရှင်အသင်း၏ ဥက္ကဌ   Professor Chanida Pachotikarn မှ တက်ရောက်ချီးမြှင့်ပြီး အစာအာဟာရဆိုင်ရာ မဟာဘွဲ့ရရှိသူများအား အစာအာဟာရပညာရှင်တံဆိပ်များ အပ်နှင်းခဲ့ပါသည်။              

                    အခမ်းအနားကို နေ့လည်ပိုင်းတွင် တစ်ကြိမ်ကျင်းပ၍  BEng (Hons) , Civil Engineering, Architectural Engineering, Civil Architectural Engineering ဘွဲ့များ၊ Engineering Program အသီးသီးမှ  Advanced Diploma, Diploma  နှင့် Foundation အောင်မြင်ပြီးစီးသူများအပြင် Supply Chain Management  ၊ ဆရာဖြစ် ဒီပလိုမာနှင့် Program များမှ ထူးချွန်ဆုရရှိသူများနှင့် ဘွဲ့ရသူများအား နေ့လည်ပိုင်းတွင်  အောင်လက်မှတ်နှင့် ဆုများ ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း မှ STI Myanmar University ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အတူ  ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။ ထိုအခမ်းအနားသို့ အင်္ဂလန်နိုင်ငံ University of Bedfordshire မှ Vice Chancellor Mr.Bill Rammell နှင့် Executive Dean  of Academic Partnership Professor Helen Bailey ၊ STI Myanmar University မှ  President ဒေါ်ခင်အေးဝင်းနှင့်တကွ  ၊ Board of directors များ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ ကျောင်း အုပ်ချုပ်ရေးနှင့်  သင်ကြားရေးအဖွဲ့ ၀င်ဆရာ၊ဆရာမများ ၊ ကျောင်းသားမိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘွဲ့နှင့်အောင်လက်မှတ်ရရှိထား သော မေဂျာ အသီးသီးမှ  ကျောင်းသားကျောင်းသူများ (၇၀၀) ကျော် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။