MSc Nutrition & Dietetics သင်တန်းသား/သူများ မှအာဟာရဖြည့်စွက်စာများ အကြောင်း ဆွေးနွေးတင်ပြခြင်း

description

 

                   MSc Nutrition & Dietetics  သင်တန်းသား/သူများ မှအာဟာရဖြည့်စွက်စာများ

                                              အကြောင်း  ဆွေးနွေးတင်ပြခြင်း

  

STI  Myanmar University တွင် သင်ကြားပို့ချနေသော အင်္ဂလန်နိုင်ငံ University of Bedfordshire ( UK)  ၏  အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့    MSc ( Nutrition & Dietetics)  သင်တန်းမှ သင်တန်းသား/သူ (၁၇) ဦးသည်   ဈေးကွက်အတွင်း ရှိ  Dietary supplement  များနှင့် ပတ်သက်ပြီး မိမိတို့  လေ့လာ ဆန်းစစ်ချက်များကို  ပြန်လည်ဆွေးနွေးတင်ပြသည့် ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့ မနက် (၉) နာရီမှ (၁၂) နာရီအထိ  MICT park အတွင်းရှိ STI Myanmar University တွင် ကျင်းပခဲ့ ပါသည်။

                        ထိုအခမ်းအနားတွင်  MSc Nutrition & Dietetics  သင်တန်း၏ ကြီးကြပ်သူ ဒေါက်တာအောင်ဖုန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး  ကျောင်းသား၊သူများက  အဖွဲ့ (၂) ဖွဲ့ခွဲ၍ Presentation ပြုလုပ်ခဲ့ကြသည်။   “Mini survey  on Dietary supplement   ”  ခေါင်းစဉ်ဖြင့်  group A မှ လည်းကောင်း ၊“ Analysis of Nutrition Supplement in Myanmar “  ခေါင်းစဉ်ဖြင့်  Group B မှ လည်းကောင်း ဈေးကွက်တွင်ရှိသော အာဟာရဖြည့်စွက်စာများ အကြောင်း  ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြခဲ့ ကြပါသည်။  ထိုသို့ တင်ပြရာတွင် သင်တန်းသား /သူများက  ဈေးကွက်အတွင်း လက်ရှိရောင်းချနေကြသော အာဟာရဖြည့်စွက်စာများကို mini survey အဖြစ် စစ်တမ်းကောက်ယူခဲ့ ပြီး  လူကြီး လူငယ်နှင့် ကလေးငယ်များ အတွက် သုံးစွဲသင့်သော အာဟာရဖြည့်စွက်စာ များ၊ ဆီးချိုသမားကဲ့သို ရောဂါရှိသူများ အတွက် သောက်သုံးသင့်သော အာဟာရဖြည့်စွက်စာများနှင့် နို့တိုက် မိခင်များ နှင့် ကိုယ်ဝန်ဆောင်များ အတွက် သင့်လျော်စားသုံးသင့်သော အာဟာရဖြည့်စွက်စာများ  စသည်ဖြင့် အသေးစိတ်လေ့လာ ကာ တင်ပြဆွေးနွေးခဲ့ ကြသည်။  ထိုအခမ်းအနားသို့  ဆရာဝန်များ ၊ MSc Nutrition & Dietetics သင်တန်းမှ   ဆရာ/ဆရာမ များ ၊ ကျောင်းသား၊သူများ ၊ အာဟာရပညာရှင်များ ၊ ဆေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး သိလိုသည်များကို ဆွေးနွေးခဲ့ ကြသလို ၊ မိမိတို့၏ အတွေ့အကြုံများကို လည်း ပြန်လည်မျှဝေခဲ့ ကြပါသည်။   ယခုကဲ့သို့  အာဟာဖြည့်စွက်စာများနှင့် ပတ်သက်ပြီး မည့်ကဲ့သို့သုံးစွဲသင့်သည်ကို လေ့လာတင်ပြခြင်းဖြင့်  ဆရာဝန်များဘက်ကလည်း လူနာများကို အစာနှင့်ဆေး မှန်ကန်မျှတစွာ ညွှန်ကြားနိုင်သလို ၊ အာဟာရပညာရှင်များအတွက် လည်း မှတ်တမ်းကောင်းများ ရရှိပြီး၊      ဆေးကုမ္ပဏီများ ဘက်မှလည်း မိမိတို့၏ အားသာချက် ၊ အားနည်းချက်များကို  သိရှိနားလည်လာနိုင်မည်ဖြစ်သည်။ ထို့နောက် STI Myanmar University ၏  Executive ဒေါက်တာ ချိုမာလွင်က အများပြည်သူများ လက်တွေ့အသုံးချနိုင်မည့် ယခုကဲ့သို့ သုတေသန မျိုး ပြုလုပ်ခဲ့ သော သင်တန်းသား/သူများ အတွက် ကျေးဇူးတင်ချီးမွှမ်း စကားများပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။