STI Myanmar University ( Nutrition & Dietetics ) သင်တန်း၏ Continued Professional Development Programme

description

          STI Myanmar University ( Nutrition & Dietetics ) သင်တန်း၏  Continued Professional Development Programme

STI  Myanmar University နှင့် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော University of Bedfordshire ( UK)  ၏ ကမ္ဘာ့အဆင့်မီ  သင်ကြားပို့ချနေသော အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့    MSc ( Nutrition & Dietetics)  သင်တန်းတွင် တစ်လတစ်ကြိမ် ပုံမှန်ကျင်းပနေကျဖြစ်သော  Journal Reading Club ကို  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့ နေ့လည် (၁)နာရီမှ (၄) နာရီ အထိ ပြုလုပ်ခဲ့ပါသည်။  ထိုင်းနိုင်ငံ Mahidol University မှ ပရော်ဖက်ဆာ Visith ၏ ဦးဆောင်မှူနှင့်အတူ  ဂျုံ နှင့် အစေ့အဆန်များက ခန္ဓာကိုယ်အလေးချိန်ကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်င်ပုံ၊ အားဖြည့်ဆန်များ အသုံးဝင်ပုံနှင့် အားဖြည့်ဆန်ထဲရှိ ဗီတာမင်များက ကလေးငယ်များ၏ ဦးနှောက်လုပ်ဆောင်ချက်များကို မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိစေပုံ၊ ကြက်ဥနှင့် ကလေး ကြီးထွားမှု ဆက်စပ်ပုံများ၊ ချယ်ရီသီးများကို မည်ကဲ့သို့ ပိုးသတ်ပြီး ထုတ်ပိုးပုံနှင့် ချယ်ရီသီး၏ အရည်အသွေးများကို မည်ကဲ့သို့ ထိန်းသိမ်းပုံ အကြောင်း ပြောကြားခဲ့ ကြပါသည်။ ထို့နောက် Boonsom ကုမ္ပဏီမှ ထုတ်လုပ်သော ရေညှိများအကြောင်း presentation ပြုလုပ်ပြီး အစားအသောက်နှင့် ပတ်သက် ဆက်စပ်သော ဂျာနယ်များအကြောင်း ပြောကြားခဲ့ရာ သင်တန်းသူ/သားများကလည်း သိလိုသည်များကို မေး  မြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည် ထိုအခမ်းအနားသို့ STI Myanmar University ၏ Executive Director ဒေါက်တာချိုမာလွင် ၊ အာဟာရပညာရှင်များနှင့် STIMU ကျောင်းသား/သူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။