STI Myanmar University နှင့် University of Bedfordshire (UK) မှ ဧည့်သည်တော်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခြင်း

description

        STI Myanmar University နှင့် University of Bedfordshire (UK) မှ ဧည့်သည်တော်များနှင့်                

                                              ရင်းရင်းနှီးနှီးတွေ့ဆုံခြင်း

 

STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်များဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ၊ ထိုင်းနိုင်ငံ  Mahidol University တို့နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချလျက်ရှိသော  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားသည့် အဆင့်မြင့်  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။  ပြည်တွင်းမှာပင်  ကမ္ဘာ့အဆင့်မီသင်ရိုးများ ကိုသင်ကြားပို့ချလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် နှိုင်းယှဉ် အကဲဖြတ်နိုင်ရန်နှင့် အနာဂတ်ဘ၀ ရည်မှန်းချက်အတွက် အာမခံချက်ရရှိစေရန်နှင့်  မိတ်ဖက်တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် ဧည်သည်တော်များ STIMU သို့ မကြာခဏလာရောက်လေ့ရှိပါသည်။  အင်္ဂလန်နိုင်ငံ University of Bedfordshire မှ Vice Chancellor Mr.Bill Rammell နှင့် Executive Dean  of Academic Partnership Professor Helen Bailey တို့ ဘွဲ့နှင်းသဘင်သို့ လာရောက်ပေးအပ်စဉ်ကာလအတွင်း  International Trade and Investment, Department for International Trade, British Embassy ၏ Deputy Director Mr.Warren Pain ၊ ထိုင်းနိုင်ငံ အာဟာရ ပညာရှင်များအသင်း ဥက္ကဌ Professor Chanida Pachotikarn ၊  အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာ ဦးမျိုးကြွယ်နှင့်  ၊ Professor ဦးသန်းနွယ် ၊ ၀ိတိုရီယဆေးရုံ ၏CEO  ဒေါက်တာဒေါ်အေးအေးစန်း ၊ မြန်မာနိုင်ငံဆောက်လုပ်  ရေးလုပ်ငန်းရှင်များအသင်း  ဥက္ကဌ ဦးဝင်းဌေး International Finance Corporation ( World Bank Group)  ၏ Country officer ဒေါ်ခင်သီတာမော်၊   STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းနှင့်တကွ  ၊ Board of Directors များ  သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာ (၁၅)ရက်နေ့တွင်  ရန်ကုန်မြို့ ပြည်လမ်းရှိ  Lotte Hotel တွင်  နေ့လည်စားရင်း ရင်းရင်းနှီးနှီး တွေ့ဆုံကြပြီး STIMU နှင့် University of Bedfordshire (UK) တို့၏ကျောင်းနှစ်ခု ပူးပေါင်းမှူနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ် များ အကြောင်း ၊ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးအခြေအနေ နှင့် အနာဂတ်မျှော်မှန်းချက်များကို ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ခဲ့ ကြောင်း သိရှိရပါသည်။