STIMU ၏ Internship Insurance Signing Ceremony

Speakers

Time

2019-01-15

Address

description

                                           STIMU ၏    Internship Insurance Signing Ceremony

                      STI Myanmar University သည် University of  Bedfordshire (UK) နှင့် ပူးပေါင်းဖွင့်လှစ်သော    BEng (Hons)ဘွဲ့သင်တန်းများတွင် တက်ရောက်နေသည့်  ကျောင်းသား/သူများ  လုပ်ငန်းခွင် အတွင်းအတွေ့အကြုံရရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ  နှစ်စဉ် အလုပ်သင်အဖြစ် Internship အစီအစဉ်များ စိစဉ်ပေးပါသည်။ ၂၀၁၉ ဇန်န၀ါရီလတွင် ဒုတိယနှစ်ပြီးဆုံးသော ကျောင်းသား/သူ (၅၅) ဦးသည်  ဆောက်လုပ်ရေး ကုမ္ပဏီကြီးများတွင် အလုပ်သင်ဝန်ထမ်းများအဖြစ်  ၀င်ရောက်လုပ်ကိုင်ကြ  တော့ မည် ဖြစ်သည်။  လုပ်ငန်းခွင် သို့ ၀င်ရောက်ရာတွင်  ဘေးကင်းလုံခြံစွာ လုပ်ဆောင်နိုင်ရန် “Internship Insurance Signing Ceremony “ ကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၁၁) ရက်နေ့  မနက် (၁၀)နာရီမှ နေ့လည် (၁၂) နာရီအထိ  MICTpark အတွင်းရှိ STI Myanmar University တွင်ပြုလုပ်ခဲ့ ပါသည်။

                 ထိုအခမ်းအနားတွင် STI Myanmar University ၏ Executive  Director  ဒေါက်တာမျိုးမျိုးနိုင်မှ အဖွင့် အမှာစကားအဖြစ် Internship ဆင်းသည့် အခါ ရရှိမည့် အကျိုးကျေးဇူးများ ၊ လိုအပ်သော အချက်အလက်များနှင့်  သွားရောက်ရမည့် ကုမ္ပဏီများအကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက်  M.K.T Construction Co.Ltd  ၏  Chairman နှင့် CEO ၊ MCEA ၏  အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်မှ   ကုမ္ပဏီတွင်  လက်ခံထားသော အလုပ်သင်ဝန်ထမ်းများအား  ကြိုဆိုစကားနှင့်  သိရှိလိုက်နာရမည့် စည်းကမ်း နှင့် အတွေ့အကြုံများကို  ရှင်းလင်းပြောကြားခဲ့ပါသည်။  STI Myanmar University ၏  Engineering ဌာနမှ Senior Lecturer ဆရာဦးမျိုးမင်းလှိုင်ကလည်း  ချိတ်ဆက်ထားသော ကုမ္ပဏီများအကြောင်း နှင့် ကျောင်းသား/သူများ သိရှိနားလည်စေရန် အရင်နှစ်က လိုအပ်ချက်များနှင့် သတိပြုရမည့် အချက်အလက်များ အကြောင်းပြောပြခဲ့ပါ သည်။  ဆက်လက်ပြီး STI Myanmar University Engineering ဌာနမှ Lecturer များဖြစ်ကြသော Assistant Lecturer   ဆရာဦးဇော်ကိုကိုနှင့် Lecturer ဆရာမ ဒေါ်ရည်မွန်အောင်မိုး  တို့ ကလည်း  အဆောက်အဦး တစ်ခုဆောက်လုပ်ရတွင် ဒီဇိုင်းဆွဲပြိးလက်တွေ့ အကောင်အထည်ဖော်ဖို့ အရေးကြီးပုံနှင့် Internship တွင်လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း များအကြောင်း ၊  internship တွင်ဖြည့်ရမည့် စာရွက်စာတမ်းများအကြောင်း  အသေးစိတ်ရှင်းပြခဲ့ပြီး  ကျောင်းသား/သူများ သွားရောက် ကွင်းဆင်းရမည့်  MKT ကုမ္ပဏီ ၊ U Cho Shwe Family Co.Ltd ၊ မှောဘီမြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်လမ်းဦးစီး ဌာနနှင့် တိုက်ကြီးမြို့နယ်ရှိ မြို့နယ်ဦးစီးအရာရှိရုံး၊ လမ်းဦးစီးဌာန တို့ အကြောင်းပြောပြခဲ့ပါသည်။ ဆက်လက်၍ IKBZ ၏ အာမခံမှ တာဝန်ရှိသူ ၀န်ထမ်း မရီရီခိုင်က ကျောင်းသား/သူများအား insurance ၏ အရေးပါပုံ၊ ထားရှိရသည့် အကြောင်းရင်းများနှင့်  သိရှိသင့်သည့် အကြောင်းများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက Insurance signing အတွက် လိုအပ်သော စာရွက်စာတမ်းများဖြည့်စွက်ပြီး အခမ်းအနားကို အောင်မြင်စွာ  ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။