STIMU ၏ Architecture Design Project Jury ပြုလုပ်ခြင်း

Speakers

Time

2019-01-16

Address

description

                                          

                                       STIMU ၏   Architecture  Design Project Jury ပြုလုပ်ခြင်း

                      

                               STI Myanmar University နှင့် University of  Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော   BEng (Hons) Architectural Engineering  ဘွဲ့သင်တန်းတက်ရောက်လျှက်ရှိသော     ကျောင်းသား၊ ကျောင်းသူများသည် Architectural Design Project ဘာသာရပ်တွင်   မိမိတို့၏  တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် လက်တွေ့ဒီဇိုင်း များတည်ဆောက်နိုင်မှူ စွမ်းရည်များကို ဖော်ထုတ်ပြသနိုင်ရန်  အဖွဲ့လိုက် အဆောက်အဦပုံစံငယ်လေးများကို ပြုလုပ်၍   Project Report တင်ပြပြီး  Presentation ပြုလုပ်ရပါသည်။ ယင်း Project များကို အကဲဖြတ်အမှတ်ပေးသည့်ပွဲကို   ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက်နေ့  မနက် (၁၀)နာရီမှ ညနေ (၃) နာရီအထိ  MICTpark အတွင်းရှိ STI Myanmar University ၊ အခန်း အမှတ် (၃၀၃) တွင်ပြုလုပ်ခဲ့ပါသည်။      STI Myanmar University ၏ Engineering ဌာနမှ Isreal Architect Lecturer  Mr.Guy Nir ၏ ဦးဆောင်ညွှန်ကြားမူနဲ့အတူ   Architectural Engineering ကျောင်းသား/သူများသည် ဦးစွာပထမ  ရန်ကုန်မြို့အတွင်းရှိ ထင်ရှားသော အဆောက်အဦးများသို့  သွားရောက်လေ့လာကာ case study ပြုလုပ်ခဲ့ပြီး  မိမိတို့ ကိုယ်ပိုင်ဒီဇိုင်းများဆွဲ၍  ခေတ်မီအဆောက်အဦးပုံစံငယ်လေးများကို မည်သည့် စိတ်ကူးဖြင့် ဖန်တီးပုံဖော်ထားကြောင်း၊ မည်သည့်ရည်ရွယ်ချက် များဖြင့် တီထွင်ထားကြောင်း နှင့် မည်ကဲ့သို့ အသုံးပြုပုံများကို  ရှင်းလင်းပြောပြခဲ့ကြပါသည်။  Presentation အဖွဲ့ပေါင်း စုစုပေါင်း (၁၀)ဖွဲ့မှ သက်ဆိုင်ရာ  Project  ပုံစံငယ်လေးများကို  ရှင်းလင်းတင်ပြရာ အကဲဖြတ်စစ်ဆေး အမှတ်ပေးသူ Jury များ အဖြစ် Interior Designer တစ်ဦးဖြစ်သော Mr. Calvin Wang ( Blue Temple Architecture and Interior)  ၊  Inception Architect Studio ၏ Founder Architect and Trainer ဖြစ်သူ ဦးမျိုးထွဋ်မြိုင် နှင့်   STI Myanmar University ၏ Engineering ဌာနမှ Lecturer  Mr.Guy Nir တို့ ဆောင်ရွက်ပြီး    ကျောင်းသား/သူများ၏ ဖန်တီးပြုလုပ်ချက်များအပေါ် အကြံပြုဆွေးနွေးကာ အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။