မန္တလေး STIMU တွင် Mobile Data Collection သင်တန်းကျင်းပခဲ့သည်။

Speakers

Time

2019-01-19

Address

description

               မန္တလေး STIMU တွင် Mobile Data Collection သင်တန်းကျင်းပခဲ့သည်။         

 

                   STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ( UK) နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချလျက်ရှိသော  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားသည့် အဆင့်မြင့်  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ STI Myanmar University မှ နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်​ရန်​ မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများ ၊ သင်တန်းများနှင့် Workshop များကို အခါအားလျော်စွာ ကျင်းပပေးလျှက် ရှိပါသည်။

           ၂၀၁၉ခုနှစ် ဇန်န၀ါရီ (၁၉) ရက်နေ့တွင်       မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ  မန္တလေးမြို့ STI Myanmar University Campus တွင် “ Introduction to Mobile Data Collection”  သင်တန်းကို ကျင်းပခဲ့ပါသည်။       ယင်သင်တန်းတွင် တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးဝင်းခိုင်မှ   Mobile Data Collection ၏ အသုံးဝင်ပုံနှင့် Moblie Date Collection ကို မည်ကဲ့သို့ အသုံးပြုပုံကို သင်ကြားပြသခဲ့ပါသည်။  Moblie Data Collection ကို အသုံးပြုခြင်းဖြင့် Research များပြုလုပ်ရာတွင်  Online Survey ကဲ့သို့ ဖုန်းကို အသုံးပြုပြီး ကိုယ်လိုချင်သော သတင်းအချက်အလက်များကို ပိုမို လွယ်ကူလျှင် မြန်စွာ ရယူစုဆောင်းနိုင်မည်ဖြစ်ပါသည်။ ထိုသင်တန်းသို့     စိတ်ဝင်စားသူ လူငယ်များနှင့် NGO မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သိလိုသည်များကို ဆရာနဲ့ ဆွေးနွေးမေးမြန်းခဲ့ ကြ ကြောင်း သိရှိရပါသည်။