STIMU ၏ Faculty Development Workshop များကျင်းပခြင်း

Speakers

Dr.Jenny Cann

Time

2019-01-25

Address

description

 

                               STIMU ၏  Faculty Development  Workshop များကျင်းပခြင်း

 

                 STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး  ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိရာ    University of Bedfordshire ( UOB)  မှ တာဝန်ရှိသူများ STIMU သို့ မကြာခဏလာရောက်၍ အရည်အသွေးပိုင်းဆိုင်ရာ အကဲဖြတ်မှူများ ၊ အကြံပေး ဆွေးနွေးမှူများ ပြုလုပ်လေ့ရှိပါသည်။  University of Bedfordshire သည် အင်္ဂလန်နိုင်ငံရှိ ထင်ရှားပြီး စည်းစနစ်ကြီးမားသော တက္ကသိုလ်တစ်ခုဖြစ်ရာ   UOB မှ  Associate Dean ( Quality) အဖြစ် တာဝန်ထမ်းဆောင်နေသော Dr.Jenny Cann သည် အင်္ဂလန်နိုင်ငံတွင် အရည်အသွေးမြင့် အဆင့်မြင့်ပညာသင်ကြားခြင်း နယ်ပယ်တွင်ဖြတ်သန်းခဲ့သော  မိမိ၏ အတွေ့အကြုံများကို အခြေခံပြီး  “Faculty Development Workshop” ဆွေးနွေးပွဲများကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၅) ရက်နေ့ တွင်  MICT park အတွင်းရှိ  STI Myanmar University တွင် ပြုလုပ်ခဲ့ပါသည်။

                     ယင်း ဆွေးနွေးပွဲ တွင် Dr .Jenny Cann မှ  မနက် (၁၀) နာရီမှ (၁၂) နာရီအထိ “  Mapping of Learning Outcomes and Assessment ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ နေ့လည် (၂) နာရီမှ (၄)နာရီအထိ “ Quality Assurance “ ခေါင်းစဉ်ဖြင့် လည်းကောင်း ဘာသာရပ်တစ်ခုကို သင်ကြားပြီးရရှိလာမည့် အကျိုးကျေးဇူးများနှင့်  အကဲဖြတ်အမှတ်ပေးမှုနည်းစနစ်များ ဆက်စပ်မှု၊  အဆင့်မြင့်ပညာရေး နယ်ပယ်ရှိ အရည်အသွေးပိုင်းဆိုင်ရာ  စံချိန်စံနှုန်းများ လုပ်ထုံးလုပ်နည်းများ ကို နမူနာများနှင့်တကွတင်ပြပြီး Faculty Monitoring , Action Plans နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။  

                            ယင်းဆွေးနွေးပွဲသို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်သော အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌဒေါက်တာ ဦးမျိုးကြွယ် ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်ဦးသန်းနွယ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့် STIMU မှ  BOD အဖွဲ့ဝင်များ၊ Consultant  ဆရာကြီး/ဆရာမကြီးများ ၊ Faculty အသီးသီးမှ  Lecturer ဆရာ /ဆရာမများတက်ရောက်ခဲ့ပြီး  အဆင့်မြင့်ပညာသင်ကြားရေး နှင့် အရည်အသွေးပိုင်းဆိုင်ရာ လွန်စွာအကျိုးရှိသော အလုပ်ရုံဆွေး နွေးပွဲများဖြစ်ကြောင်း သိရှိရပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲများ အပြီးတွင် အမျိုးသား ပညာရေးမူဝါဒကော်မရှင်မှ ဧည့်သည်တော်များက STIMU တွင် Compus tour အဖြစ် စာသင်ခန်းများ ၊ Labများ ၊ စာကြည့်တိုက်နှင့်  STIMU ကျောင်းသား/သူများ၏  စာတွေ့လက်တွေ့ လုပ်ဆောင်နေမူများကို လှည့်လည်ကြည့်ရူအားပေးခဲ့ကြောင်း သိရှိရပါသည်။