English Language Teaching ( The Joy and The Challenges, A Global Perspective ) Seminar ကျင်းပခြင်း

description

 

     English Language Teaching ( The Joy and The Challenges, A Global Perspective ) Seminar ကျင်းပခြင်း

 

                STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး  အင်္ဂလိပ်ဘာသာစကားသင်ကြားရေးနယ်ပယ်တွင် နိုင်ငံတကာအသိအမှတ်ပြု ဆရာအဖြစ် ရပ်တည်လိုသူများ၊ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်လိုသူများ နှင့် Principal အဖြစ်ရပ်တည်လိုသူများ၊  Academic Consultant  အဖြစ်ရပ်တည်လိုသူများအတွက် ရည်ရွယ်ပြီး University of Bedfordshire ( UK) တွင်  Associate Dean ( Quality) အဖြစ် တာဝန်ထမ်းဆောင်နေသော Dr.Jenny Cann မှ English Language Teaching:“ The Joys and The Challenges, A Global Perspective” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

             ယင်း ဆွေးနွေးပွဲတွင် Dr.Jenny Cann သည် ထိုင်း ၊ပါကင်စတန်၊ ဝေးလ် နှင့် အင်္ဂလန်နို်င်ငံအတွင်းရှိ  အင်္ဂလိပ်ဘာသာသင်ကြားရေး နှင့် ပတ်သက်သော အကြောင်းအရာ များကို  နိုင်ငံတကာ အတွေ့အကြုံများ နှိုင်းယှဉ်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ Dr Jenny Cann သည် Academic English Development,  Subject Knowledge Development  စသည့်ခေါင်းစဉ်များနှင့်ပတ်သက်သော အကြောင်းအရာများအပြင်  ဆရာ/ဆရာမများ၏ ကျွမ်းကျင်မှူ ၊ ဗဟုသုတနှင့်  စာမေးပွဲများတွင် မည်ကဲ့သို့ ရလာဒ်ကောင်းများရရှိနိုင်  အောင်  သင်ကြားရမည့် နည်းလမ်းများနှင့် နည်းပညာများကို နမူနာများနှင့်တကွ ၊ တင်ပြဆွေးနွေးခဲ့ပါသည်။

                  ယင်း ဆွေးနွေးပွဲကို ၂၀၁၉ခုနှစ် ဇန်န၀ါရီ (၂၆)ရက်နေ့လည် (၁) နာရီ မှ (၃) နာရီအထိ MICT park အတွင်းရှိ STI Myanmar Univeristy တွင် ကျင်းပခဲ့ပြီး  STI Myanmar University မှ ဆရာ/ဆရာမများအပြင် ပြင်ပမှ သင်ကြားရေးကို  စိတ်ဝင်စားသူ ပုဂ္ဂလိက နှင့် International ကျောင်းများမှ  အင်္ဂလိပ်စာသင်ကြားနေသူများနှင့် Freelance ဆရာ/ဆရာမများတက်ရောက်ခဲ့ပါသည်။  ယင်းဆွေးနွေးပွဲတွင် Dr Jenny Cann မှ အုပ်စုများခွဲ၍ မြန်မာ နိုင်ငံအတွင်း အင်္ဂလိပ်စာသင်ကြားမူနှင့် ပတ်သက်သော အတွေ့အကြုံများနှင့် နည်းစနစ်များကိုလည်း  အ ပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီ အရည်အသွေးမြင့်တင်ရေး အတွက် လွန်စွာအကျိုးရှိသော အလုပ်ရုံဆွေး နွေးပွဲဖြစ်ကြောင်း သိရှိရပါသည်။