“STI Myanmar University မှ Invest Myanmar Summit 2019 သို့ တက်ရောက်ခြင်း”

Speakers

Time

2019-01-29

Address

description

            “STI Myanmar University မှ Invest Myanmar Summit  2019 သို့ တက်ရောက်ခြင်း

 

                           မြန်မာနိုင်ငံ၏    Invest Myanmar   Summit 2019 ကို   ၂၀၁၉ ခုနှစ် ဇန်န၀ါရီ (၂၈) ရက်နှင့် (၂၉) ရက်များတွင်  နေပြည်တော်တွင် ရှိသည့်  MICC 2  ကျင်းပခဲ့ပါသည်  ။  ယင်းဆွေးနွေးပွဲသို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြုပ်နှံမှု  မိန့်ခွန်း ပြောကြားခဲ့ပြီး ယင်းပွဲသို့ ပြည်တွင်းပြည်ပမှ  စိးပွားရေး လုပ်ငန်းရှင်ကြီးများ၊ပါဝင်တက်ရောက်ခဲ့ကြပြီး  မိမိတို့ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ  ရှေ့ဆက်ဆောင်ရွက်ရန် ၊မျှော်မှန်ထားသော Project များကို အပြန်အလှန်တွေ့ဆုံ တင်ပြခွင့်ရရှိခဲ့ သည်ဟု သိရပါသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမှူတွင် Project ပေါင်း (၂၀၀)ခန့် တင်ပြခဲ့ ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီမံကိန်းများ၏ အားသာချက်များ၊ မျှော်မှန်းချက်များကိုတင်ပြကာ သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့်လည်း  ဆွေးနွေးခွင့် ရရှိသည်ဟု သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် တစ်နိုင်ငံလုံးနှင့် ပတ်သက်သော ရင်းနှီးမြူပ်နှံမှူ အခွင့်အလမ်းများကို မြင်တွေ့လေ့လာခွင့်ရရှိပြီး ရောင်းလိုသူနှင့် ၀ယ်လိုသူတို့ တိုက်ရိုက်  တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့သော နေရာတစ်နေရာဖြစ်ပါသည်။

  ယင်းပွဲတွင်  STI Myanmar University ၏ ဥက္ကဌ ဒေါ်ခင်အေးဝင်းက Media နှင့်တွေ့ဆုံမေးမြန်းမှူကို  ဖြေကြားရာတွင် ယခုပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှူကော်မရှင်မှ ခွင့်ပြုပြီး ပညာရေးဝန်ဆောင်မူ လုပ်ငန်းများ ပါဝင်ပြသထားကြောင်း ၊ မိမိတို့တက္ကသိုလ်တွင်  ကျန်းမာရေး ၊ပညာရေး စီးပွားရေးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သင်ကြားကြီးဌာနကြီးလေးခုအောက်မှ ဘွဲ့ကြိုနှင့်ဘွဲ့လွန်သင်တန်း များကို ပို့ချပေးလျှက်ရှိပြီး အဓိကအားဖြင့် အင်္ဂလန်နိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်University of Bedfordshire နှင့် ပူးပေါင်းသင်ကြားပေးလျှက်ရှိကြောင်း ၊ ရင်းနှီးမြူပ်နှံ့မှူေ က်ာမရှင် အတည်ပြုချက်ရရှိပြီး ပညာရေးဥပဒေနှင့် နည်းဥပဒေများပြဌာန်းပြီးနောက် ၊ လိုင်စင်ရရှိသည့်အခါ  ဂုဏ်သိက္ခာရှိပြီး အရည်သွေးအလွန်မြင့်မားသော  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ကာ နိုင်ငံတကာ ကျောင်းသားများကို လက်ခံသွားရန် ရည်ရွယ်ထားကြောင်း ၊ ယင်းကျောင်းသားများ မှတဆင့် မြန်မာယဉ်ကျေးမူနှင့် ရိုးရာဓလေ့များနှင့် မြန်မာ နိုင်ငံအကြောင်းကို ကမ္ဘာက ပိုသိမှာဖြစ်ကြောင်း ၊အနာဂတ်လူငယ်များအတွက် လိုအပ်သော အသိပညာ အတတ်ပညာများကို  အိမ်နီးချင်းနိုင်ငံမှ လူငယ်များနှင့် ရင်ဘောင်တန်းပြီး ကျရာနေရာတွင် ထမ်းဆောင်နိုင်ရန်အတွက်  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ ပြောကြားခဲ့ပါသည်။

                  ယင်းအခမ်းအနားသို့ ပြည်တော်စုဝန်ကြီးများ နှင့်ဒုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ြ ကီးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သွယ်များနှ  င့်စက်မူလက်မူလုပ်ငန်းရှင်များအသင်းချုပ်မှတာဝန်ရှိသူများ၊ သံအမတ်ကြီးများနှင့်  ပြည်တွင်းပြ ည်ပလုပ်ငန်းရှင်များ  နှင့်အတူ  STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းနှင့်  BOD အဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။