Dr Jenny Cann နှင့် MSc ( Nutrition & Dietetics) သင်တန်းသူ/သားများတွေ့ဆုံခြင်း

description

 

              Dr Jenny Cann နှင့် MSc ( Nutrition & Dietetics)  သင်တန်းသူ/သားများတွေ့ဆုံခြင်း

 

                 STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး  ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိရာ    University of Bedfordshire ( UOB)  မှ တာဝန်ရှိသူများ STIMU သို့ မကြာခဏလာရောက်၍ အရည်အသွေးပိုင်းဆိုင်ရာ အကဲဖြတ်မှူများ ၊ အကြံပေး ဆွေးနွေးမှူများ ပြုလုပ်လေ့ရှိပါသည်။  University of Bedfordshire သည် အင်္ဂလန်နိုင်ငံရှိ ထင်ရှားပြီး စည်းစနစ်ကြီးမားသော တက္ကသိုလ်တစ်ခုဖြစ်ရာ   UOB မှ  Associate Dean ( Quality) အဖြစ် တာဝန်ထမ်းဆောင်နေသော Dr.Jenny Cann သည် STI Myanmar University သို့ လာရောက်၍  အင်္ဂလန်နိုင်ငံရှိ အရည်အသွေးမြင့် အဆင့်မြင့်ပညာသင်ကြားခြင်း နယ်ပယ်တွင်ဖြတ်သန်းခဲ့သော  မိမိ၏ အတွေ့အကြုံများကို အခြေခံပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲများကို  ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၅) ရက်နေ့ နှင့် (၂၆) ရက်နေ့များတွင် MICT park အတွင်းရှိ  STI Myanmar University တွင် ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စိတ်ဝင်စားသူ ပုဂ္ဂလိကနှင့် International ကျောင်းများမှာ ဆရာ/ဆရာမများနှင့် ကျောင်းသားလူငယ်များတက်ရောက်ခဲ့ ကြပါသည်။

                      Dr .Jenny Cann သည် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ (၂၇) ရက်နေ့ ညနေပိုင်းတွင် MSc ( Nutrition & Dietetics)  သင်တန်းသို့လာရောက်၍ သင်တန်း/သူ သင်တန်းသားများနှင့်တွေ့ဆုံပြီး   STI Myanmar University နှင့် ပတ်သက်၍ သင်တန်းသားများဆီမှ အကြံဥာဏ်များတောင်းဆိုခြင်းနှင့် အတွေ့အကြုံများ မေးမြန်းခြင်းများလုပ်ခဲ့ရာ သင်တန်းသားများကလည်း သီအိုရီများလည်း သင်ကြားခွင့်ရသလို  ယခုကဲ့သို့ နိုင်ငံခြားတက္ကသိုလ်များမှ အာဟာရပညာရှင်များ ၊Lecturerများ နှင့် သင်ကြားရခြင်းအတွက် အကျိုးရှိကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။