University of Bedfordshire (UK) မှ BEng (Hons) Engineering Program များ၏ Course Coordinator Mr.David Jazani STIMU သို့ လာရောက်ခြင်း

description

                 University of Bedfordshire (UK) မှ BEng (Hons) Engineering Program များ၏

                      Course Coordinator   Mr.David Jazani    STIMU သို့ လာရောက်ခြင်း

                       ၂၀၁၉ခုနှစ် ဇန်န၀ါရီ (၃၁)ရက်မှ ဖေဖော်ဝါရီ (၅) ရက်နေ့အထိSTI Myanmar University ၏ မိတ်ဖက်တက္ကသိုလ် တစ်ခု ဖြစ်သော  University of Bedfordshire (UK)  မှ  Senior Lecturer in Building Technologies and Construction  Mr.David Jazani  သည်   ရန်ကုန်နှင့် မန္တလေးမြို့များရှိ STIMU Campus များသို့လာရောက်ခဲ့ ပါသည်။  Mr.David jazani သည် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများတွင် ဗိသုကာနှင့် အင်ဂျင်နီယာ ပညာရှင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ စ၍ ပညာရေးနယ်ပယ်သို့ ၀င်ရောက်ကာ  ၂၀၀၆ ခုနှစ်မှ ယခုတိုင် UOB တွင် Senior Lecturer အဖြစ်တာဝန်ထမ်း  ဆောင်နေပြီး ဆောက်လုပ်ရေးနှင့် ဗိသုကာဆိုင်ရာ  သုတေသနစာတမ်း များစွာကို ပြုစုခဲ့သော ပညာရှင်တစ်ဦးဖြစ်ပါသည်။ ယခုအခါ STIMU နှင့်ပူးပေါင်းဖွင့်လှစ်သော BEng (Hons) Engineering Program များ၏ Course Coordinator  အဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါသည်။

                  ရှေးဦးစွာ    ဇန်န၀ါရီ(၃၁) ရက်နေ့ နံနက် ပိုင်းတွင် Electronic Engineering ဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား။ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး Program Induction ပြုလုပ်ခဲ့သည်။ နေ့လည် ပိုင်းတွင် BEng(Hons)Civil Engineering  Final Year Second Semester   ကျောင်းသား/သူများနှင့်  တွေ့ဆုံခဲ့ပြီး လက်ရှိလုပ်ဆောင်နေသော Project များနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း အကြံပေးခြင်းများ  ပြုလုပ်ခဲ့သည်။  ဖေဖော်ဝါရီ (၁) ရက်ေ န့ နံနက်ပိုင်းတွင်STIMU ၏   အင်ဂျင်နီယာဌာနမှ ဌာနမှူးများ၊ ဆရာ/ဆရာမများအားလုံးနှင့် တွေ့ဆုံပြီး အင်္ဂလန်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံနှုန်းးများနှင့် လုပ်ဆောင်ထားသော  Project များအား    မျှဝေခဲ့ကာ BEng (Hons) Architectural Engineering  နောက်ဆုံးနှစ်ကျောင်းသား/သူများ နှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသားများ၏ လက်ရှိလုပ်ဆောင်နေသော Project များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အကြံပေးခြင်းများ ပြုလုပ်ခဲ့သည်။ နေ့လည် ပိုင်းတွင် BEng(Hons)  Final Year First Semester တက်ရောက်နေသော ကျောင်းသား/သူ  များနှင့် တွေ့ဆုံ ကာ အရည်အသွေးပြည့် Project  များနှင့်တင်ပြမူများ ကို စစ်ဆေး၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးခဲ့ပါသည်။

                           ဖေဖော်ဝါရီ (၂)ရက်နေ့ နံနက် ပိုင်း၌  ၂၀၁၉ မတ်လတွင်  STI Myanmar University ၌ BEng( Hons) Final Year တက်ရောက်ကာပညာသင်ကြားမည့် ကျောင်း သား/သူ များ နှင့် တွေ့ဆုံ ပြီး  ညနေပိုင်း တွင် “ Means of Prevention of spread of Fire in High – rise Building” ခေါင်းစဉ်ဖြင့်  Public Seminar  ပြုလုပ်ရာ ပြင်ပမှာ  စိတ်ဝင်စားသူများတက်ရောက်ခဲ့ကြပါသည်။ ဖေဖောဝါရီ (၃) ရက်နေ့တွင် မန္တလေးမြို့သို့ သွားရောက်ပြီး STI Myanmar University  Mandalay Campus မှ ဆရာ/ဆရာမ များ ကျောင်းသား/သူများနှင့် တွေ့ဆုံပြီး သင်ကြားမှု အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး နေ့လည်ပိုင်းတွင် Public Seminar  ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီ(၄)ရက်နေ့တွင်“Applied Construction Technologies & Management For Future Engineers “ ခေါင်းစဉ်ဖြင့် STIMU မန္တလေး Campus ရှိ ကျောင်းသား/သူများအား သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။