University of Bedfordshire ,UK မှ Principal Lecturer &Portfolio Lead in Public Health, Dr Krishna Regmi STIMU သို့ လာရောက်ခြင်း

description

           University of Bedfordshire ,UK မှ Principal Lecturer &Portfolio Lead in Public Health,

                                      Dr Krishna Regmi  STIMU သို့ လာရောက်ခြင်း

 

            ဇန်န၀ါရီ (၃၀)ရက်နေ့မှ ဖေဖော်ဝါရီ (၁) ရက်နေ့အထိ STI Myanmar University ၏ မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော University of Bedfordshire,UK မှ  Principal Lecturer  Portfolio Lead of Public Health Program, Dr Krishna Regmi သည်  STI Myanmar University  သို့ လာရောက်ခဲ့ ပါသည်။ Dr Krishna Regmi သည်  Public Health ပညာရပ်​သင်​ကြားမှုနယ်​ပယ်​တွင်​ နှစ် နှစ်ဆယ်​​ကျော်​ကြာ ​ဆောင်​ရွက်​ခဲ့သူဖြစ်​ပြီး နိုင်​ငံတကာ အဖွဲ့အစည်းများဖြစ်​​သော Helen Keller International, DFID , USAID , UNICEF နှင့်​ Save the Children တို့တွင်​ တာဝန်​ထမ်း​ဆောင်​ခဲ့သည်​။ စာအုပ်​စာတမ်းများနှင့်​ ​ဆောင်းပါး များစွာကိုလည်း ​ရေးသားခဲ့ကာ ၄င်း၏ Decentralizing Health Services - A Global Perspective စာအုပ်​မှာထင်​ရှားသည်​။  

                ထို (၃) ရက်တာကာလအတွင်း STI Myanmar Universtiy  မှ ဆရာ/ဆရာမများ၏ Faculty Development  အတွက်သုတေသနနှင့် ပတ်သက်သော Training များပေးခြင်း၊ online Learning and assessment နှင့် ပတ်သက် ၍ လေ့ကျင့်သင်ကြားခြင်း ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသနနှင့် ပတ်သက်သော  seminar များ ကျင်းပပေးခြင်း၊ ဘွဲ့လွန်သင်တန်းသားများအတွက်  “How to conduct  systematic review “ သင်တန်းပို့ချခြင်း၊ တက္ကသိုလ်၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့၊ သင်ကြားရေးဘုတ်အဖွဲ့များ နှင့် တွေ့ဆုံ၍  ရှေ့လုပ်ငန်းစဉ်များဆွေးနွေး၍ အကြံပေးခြင်း၊  ပြည်သူ့ကျန်းမာရေး ပညာမဟာသိပ္ပံဘွဲ့လွန် သင်တန်းမှ ဘွဲ့ရရှိခဲ့ကြသော ကျောင်းသား၊ကျောင်းသူများ နှင့်  တွေ့ဆုံကာ ညစာစားခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။