STI Myanmar University တွင် “ Entrepreneurship Journey Seminar” ကျင်းပခြင်း

description

                              STI Myanmar University တွင်   “ Entrepreneurship Journey  Seminar” ကျင်းပခြင်း

                      STI Myanmar University သည်    ကျောင်းသား/သူများအတွက်   ဗဟုသုတတိုးပွားစေရန် ၊ လူငယ်များ မိမိကိုယ်ကို ယုံကြည်မူရှိပြီး စီးပွားရေးပတ်သက်သော အတွေးအမြင်များဖွံ့ဖြိုးစေရန်  ၊ ပြည်တွင်းပြည်ပမှ စွန့်ဦးတီထွင် အောင်မြင်သူများနှင့် ဆုံတွေ့ပြီး ထိုသူများကိုအားကျအတုယူစေရန်နှင့် ကိုယ့်လမ်းကိုယ်ဖောက် အောင်မြင်မူများရယူနိုင်စေရန် ရည်ရွယ်၍ Seminar များ ၊ Workshop များကို အစဉ်တစိုက်ပြုလုပ်ပေးလျှက်ရှိပါသည်။

                      ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၂၄)ရက်နေ့ နေ့လည် ၃နာရီခွဲမှ ၅နာရီအထိ MICT  park အတွင်းရှိ STI Myanmar University  တွင်   မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( MYEA) ၏ President  တစ်ဦးလည်းဖြစ်သလို The Bule Ocean Operating Management Co.Ltd (BOOM) ၏ Chairman ဆရာဦးထွန်းထွန်းနိုင်မှ “Entrepreneurship Journey” ခေါင်းစဉ်ဖြင့်ဆွေေ နွး ဟောေ ပြာခဲ့ ပါသည်။ ယင်းအခမ်းအနားတွင် ပထမဦးစွာ  STI Myanmar University ၏ Corporate Video ကို ပြသခဲ့ပါသည်။ ထို့နောက် ဆရာဦးထွန်းထွန်းနိုင်မှ မိမိ၏ဘ၀ဖြတ်သန်းမူများ၊ အောင်မြင်မူမှတ်တိုင်များ အကြောင်း  နှင့်  ယနေ့ခေတ်လူငယ်လူရွယ်များကိုလည်း စွန့်ဦးတီထွင်စိတ်ထက်သန်လာ  အောင် အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး ဟောပြောခဲ့ပါသည်။  ဆရာသည်  ၂၀၁၄ခုနှစ်တွင် The  Most Admired ASEAN Enterprises  for Yong Entrepreneur Award အပါအ၀င် စီးပွားရေး ၊လူမူရေး နှင့်ပတ်သက်သော နိုင်ငံ တကာအဆင့်  ထူးချွန်ဆုများစွာရရှိထားသူ တစ်ဦးဖြစ်ပြီး မိမိကိုယ်တိုင်လည်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦး ဖြစ်ကာ လူငယ်များကို  ဦးဆောင်ဦးရွက်ပြုနိုင်ရန် လမ်းပြနေသူတစ်ဦး  ဖြစ်ပါသည်။ ဆက်လက်၍ ကျောင်းသာကျောင်းသူများမှ သိလိုသည်များကို ဆရာနှင့် အပြန်အလှန်မေးမြန်းခဲ့ကြပြီး BA( Hons) Business Administration  Final Year မှ  မခိုင်မိုးပွင့်အောင်မှ ဆရာ၏ ဆွေးနွေးဟောပြောချက်များ အားအကျဉ်းချုံးပြန်လည်တင်ပြခဲ့ပါသည်။

                     ထို့နောက် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ ဆရာ ဦးထွန်းထွန်းအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါပြီး BA ( Hons) Business Administration  Alumnus ကျောင်းသူ မခန့်ခန့်ကျော်မှ  သူမ၏ အောင်မြင်မူမှတ်တိုင်များအကြောင်းေ ဆွးနွေးတင်ပြခဲ့ပါသည်။  ထိုအခမ်းအနားသို့   STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း ၊  Board of Directors များ၊  Faculty of Business မှ ဆရာ ၊ဆရာမများနှင့် STIMU ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ ကြောင်း သိရှိရပါသည်။