STI Myanmar University တွင် Rhino 5.5 Workshop ပြုလုပ်ခြင်း

description

                                               STI Myanmar University တွင်  Rhino 5.5 Workshop ပြုလုပ်ခြင်း 

                      STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ( UK) နှင့် ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ ဘွဲ့ကြို ၊ ဘွဲ့လွန် ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိရာ  ကျောင်းသား/သူများအတွက်   ဗဟုသုတတိုးပွားစေရန် ၊ ကျောင်းပညာရပ်တင်မက လက်တွေ့လုပ်ဆောင်မူများတွင်လည်း  အသုံးတည့်မည့် ပညာရပ်များရရှိစေရန်  ၊  စွန့်ဦးတီထွင်သူ၊  အောင်မြင်ထင်ရှားသူများနှင့် ဆုံတွေ့နိုင်ရန်  ၂၀၁၉ ခုနှစ် အတွက် Seminar/ Workshop/ Project Showcase Series ကို ပြုလုပ်မည်ဖြစ်ပါသည်။

                   ဦးစွာပထမ Israeli Architect တစ်ဦးဖြစ်သူ STI Myanmar University၊ Engineering ဌာနမှ Lecturer Mr.Guy Nir ၏ Rhino 5.5  Workshop နှင့် စတင်ခဲ့ပါသည်။  Rhino 5.5 သည်     Architecture အဆောက်အဦး ပုံစံငယ်လေးများ  ဆောက်လုပ်ရာတွင်ကိုယ်လိုချင်သော    အလိမ်အကောက်၊ အကွေ့အ၀ိုက် စသည့် ပုံမှန်မဟုတ်သော ခေတ်မီ ဒီဇိုင်းပုံစံများရရှိနိုင်ရန် ဖန်တီးနိုငိသော  အလွန်အသုံးဝင်သည့် အဆင့်မြင့်  software တစ်ခုဖြစ်ပါသည်။  ထိုWorkshop တွင် Mr Guyမှ Engineering ကျောင်းသား/သူများအား Rhino 5.5 ကို  အသုံးပြုပြီး မည်ကဲ့သို့ ဒီဇိုင်းများ ဖန်တီးရေးဆွဲရပုံကို လက်တွေ့ သင်ကြားပြသခဲ့ ပါသည်။  Rhino 5.5  Workshop ကို  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့  မနက် (၁၀) နာရီမှ နေ့လည် (၁)နာရီအထိ MICT  park အတွင်းရှိ STI Myanmar University  AutoCAD Design Laboratory  တွင် ပြုလုပ်ခဲ့ပြီး  STIMU Engineering ကျောင်းသား/သူများ  စိတ်ဝင်တစားတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။